ညစ်ညမ်းဝက်ဘ်ဆိုက်တွေမှာ အိုလံပစ်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ရှာဖွေကြည့်ရှုနှုန်း အဆမတန်မြင့်တက်

0

ပါရီအိုလံပစ်ပြိုင်ပွဲမှာ တာဝန်ရှိသူတွေက ကစားသမားတွေကို လွတ်လပ်ခွင့်အပြည့်အဝပေးထားတာနဲ့ ပြိုင်ပွဲဝင်ကစားသမားတွေထဲမှာ ဆွဲဆောင်မှုရှိတဲ့ကစားသမားတွေ အများအပြားပါဝင်တဲ့အချက်တွေကြောင့် ညစ်ညမ်းဝက်ဘ်ဆိုက်တွေမှာ အိုလံပစ်နဲ့ပတ်သက်ပြီး ရှာဖွေကြည့်ရှုမှုနှုန်း အဆများစွာမြင့်တက်လာကြောင်း သိရပါတယ်။

ပါရီအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အားကစားသမားတွေထဲမှာ တချို့အားကစားသမားတွေက ရုပ်ရှင်မင်းသား/မင်းသမီး/မော်ဒယ်တွေထက်တောင် ပိုမိုဆွဲဆောင်မှုအားကောင်းနေကြတာကြောင့် ပရိသတ်တွေရဲ့လိုတာထက်ပိုတဲ့စိတ်ပါဝင်စားမှုကို ရရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ပါရီအိုလံပစ်ပြိုင်ပွဲက အခြားအိုလံပစ်ပြိုင်ပွဲထက် အားကစားသမားတွေကို လွတ်လပ်ပျော်ပါးခွင့်ပေးထားတာကြောင့် အားကစားသမားတွေအကြားမှာ ပုံမှန်ထက်ပိုတဲ့ ဆက်ဆံရေးတွေရှိနေကြောင်းလည်း သတင်းတွေထွက်နေပါတယ်။ ဒါကြောင့် ပရိသတ်တွေက သူတို့စိတ်ဝင်စားတဲ့အားကစားသမားတွေရဲ့ကန့်လန့်ကာနောက်ကွယ်က အပြုအမူတွေကို သိရှိလိုနေကြပြီး ညစ်ညမ်းဝက်ဘ်ဆိုက်တွေမှာ ရှာဖွေကြည့်ရှုနေကြတာပါ။

နာမည်ကျော် ညစ်ညမ်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ PornHub က “အိုလံပစ်”ဆိုတဲ့ စကားလုံးကို အသုံးပြုပြီး Search Box မှာ ရှာဖွေတဲ့နှုန်းဟာ အရင်ကထက် ၄၈၇၆% အထိ တိုးမြင့်လာခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပရိသတ်တွေက အိုလံပစ်ကစားသမားတွေရဲ့လိင်ပိုင်းဆိုင်ရာဗီဒီယိုတွေကို ကြည့်ရှုလိုစိတ်များပြားနေပြီး “Sex Olympics”၊ “Porn Olympics”၊ “Olympics Sex Game”၊ “Nude Olympics” အစရှိတဲ့ စကားလုံးတွေနဲ့ Search Box မှာ ရှာဖွေကြတယ်လို့ PornHub က ဖော်ပြခဲ့ပါတယ်။

ပါရီအိုလံပစ်ပြိုင်ပွဲမှာ တာဝန်ရှိသူတွေက အမျိုးသမီးကွန်ဒုံးအရေအတွက်(၂၀၀၀၀)၊ Dental Dam(ပါးစပ်အကာအကွယ်)အရေအတွက်(၁၀၀၀၀)အပါအဝင် လိင်ပိုင်းဆိုင်ရာအကာအကွယ်ပစ္စည်းတွေကို ကစားသမားတွေဆီ ဖြန့်ဝေပေးထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *