ဘိုင်ယန်မြူးနစ်က မိမိကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဗန်ဟားလ်ဆို

0

မန်ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းနည်းပြဟောင်း ဗန်ဟားလ်က ဘိုင်ယန်မြူးနစ်အသင်းဟာ နွေရာသီက သူ့ကို နည်းပြအဖြစ်ပြန်လည်ခန့်အပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျာမန်လူမျိုးနည်းပြ တူချယ်လ်နည်းပြရာထူးက ထွက်ခွာပြီးနောက် နည်းပြသစ်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာ ဘန်လေအသင်းနည်းပြဟောင်း ကွန်ပနီကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တာပါ။

ဗန်ဟားလ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၂၀၀၉ ကနေ ၂၀၁၁ အထိကိုင်တွယ်ခဲ့ပြီး ဘွန်ဒစ်လီဂါဖလားအပါအဝင် ဆုဖလား(၃)ခုရယူပေးနိုင်ခဲ့ပြီး ၂၀၀၉-၁၀ ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဗန်ဟားလ်ဟာ ၂၀၂၂ က နယ်သာလန်အသင်းနည်းပြရာထူးက ထွက်ခွာပြီးနောက် လက်ရှိအချိန်မှာ အိုင်းယက်စ်အသင်းရဲ့အကြံပေးအဖြစ် ဆောင်ရွက်နေတာပါ။

ဗန်ဟားလ်ဟာ နိုင်ငံအသင်းကိုသာ ကိုင်တွယ်ဖို့ စိတ်ဝင်စားတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ကမ်းလှမ်းမှုကို ချက်ချင်းပယ်ချခဲ့တယ်လို့ RTL နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ ဗန်ဟားလ်က “နိုင်ငံအသင်းနည်းပြအနေနဲ့ နည်းပြအဖွဲ့ဝင်တွေ၊ကင်းထောက်တွေနဲ့ အချိန်အများစုကိုအလုပ်ရှုပ်နေတာပါ။ ဒါကဖြစ်နိုင်သေးတယ်”လို့ ဆိုခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်မှာ ရာသီသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး စပါးအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး သြဂုတ်(၁၀)ရက်မှာ စပါးအသင်းနဲ့ပဲ လန်ဒန်မှာ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *