ရာသီသစ်အတွက် များပြားလွန်းတဲ့ မန်စီးတီးရဲ့ပွဲစဉ်အချိန်ဇယားကို ရူဘင်ဒီယက်စ် ဖော်ပြ

0

ပေါ်တူဂီနောက်ခံလူ ရူဘီဒီယက်စ်ဟာ ၂၀၂၄-၂၅ ရာသီအတွက် များပြားလွန်းတဲ့ မန်စီးတီးအသင်းရဲ့ပွဲစဉ်အချိန်ဇယားကို သူ့ရဲ့ဆိုရှယ်မီဒီယာကနေ Share ပြီးဖော်ပြခဲ့ပါတယ်။ ပရိသတ်တွေဟာ ရူဘင်ဒီယက်စ်ရဲ့ပို့စ်ကို မြင်ပြီးနောက် မန်စီးတီးအသင်းရဲ့ပွဲစဉ်များပြားမှုအပေါ် အံ့အားသင့်နေကြပြီး စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ရာသီက မန်စီတီးအသင်းအတွက် ပွဲပေါင်း(၄၅)ပွဲပါဝင်ကစားခဲ့တဲ့ ရူဘင်ဒီယက်စ်ဟာ ရာသီသစ်အတွက် ကလပ်အသင်းနဲ့ပူးပေါင်းပြီး လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ရာသီသစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံအသစ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲပုံစံအသစ်ကို ယှဉ်ပြိုင်ရမှာဖြစ်လို့ ကစားရမယ့်ပွဲအရေအတွက်တွေ ပိုပြီးများလာနိုင်တာပါ။ ရူဘင်ဒီယက်စ်ဟာ မန်စီးတီးအသင်းရဲ့ပွဲစဉ်အချိန်ဇယားနဲ့အတူ “POV ခင်ဗျား မန်စီးတီးအသင်းအတွက်ကစားပါ”လို့ စာရေးသားပြီး သူ့ရဲ့ဆိုရှယ်မီဒီယာမှာ တင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ပွဲစဉ်အချိန်ဇယားကို အရောင်တွေနဲ့ခွဲခြားထားပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေကို အစိမ်းရောင်၊ချန်ပီယံလိဂ်ပွဲစဉ်တွေကို ခရမ်းရောင်၊ပြည်တွင်းဖလားပြိုင်ပွဲတွေကို အလံပြသထားတာပါ။ လာမယ့်နှစ် ဇွန်မှာကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အမှတ်အသားပြုလုပ်ထားတာဖြစ်ပါတယ်။ ပရိသတ်တစ်ဦးက “ပွဲတွေက အရမ်းများလွန်းပြီး UEFA အနေနဲ့ (၃၂)သင်းကို ပြန်ပြောင်းကာ ပရီးမီးယားလိဂ်ဘုတ်အဖွဲ့အနေနဲ့ အသင်းအရေအတွက်ကို (၁၈)သင်းအထိ လျှော့ချသင့်တယ်”လို့ ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးက “ဘောလုံးဆိုတာ ငွေထုတ်တဲ့စက်ဖြစ်နေပြီ”လို့ ရေးသားခဲ့ပါတယ်။

ရာသီသစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းတွေဟာ အုပ်စုအဆင့်မှာ (၈)ပွဲကစားရမှာဖြစ်သလို ထိပ်တန်းအသင်းကြီးတွေဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို (၁)လကြာယှဉ်ပြိုင်ရမှာဖြစ်လို့ ပွဲစဉ်အချိန်ဇယားတွေဟာ အသင်းကြီးတွေကို အခက်တွေ့စေနိုင်တာပါ။ မန်စီးတီးအသင်းဟာ သြဂုတ်(၁၀)ရက်မှာ ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် မန်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *