အမေရိကန် လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ပိုချက်တီနို ချဉ်းကပ်ခံနေရ

0

အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုဟာ နည်းပြလစ်လပ်နေတဲ့ အမေရိကန်အသင်းကို ကိုင်တွယ်ဖို့ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ချဉ်းကပ်မှုခံနေရတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ရာသီအကုန်က ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီးနောက် ကလပ်အသင်းအချို့နဲ့ သတင်းထွက်ခဲ့ပေမယ့် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်းမရှိသေးတာပါ။

ပိုချက်တီနိုဟာ အင်္ဂလန်အသင်းနည်းပြရာထူးအတွက် ချိတ်ဆက်ခံနေရတဲ့သူတွေထဲက တစ်ဦးဖြစ်သလို အမေရိကန်အသင်းကို ကိုင်တွယ်ဖို့ ထိပ်တန်းနည်းပြလောင်းအဖြစ် သတ်မှတ်ခြင်းခံထားရတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပိုချက်တီနိုဟာ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ဘာဟယ်လ်တာရဲ့နေရာကို အစားထိုးဝင်ရောက်ပြီး အမေရိကန်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူနိုင်တာပါ။

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလောပ့်ဟာ အမေရိကန်အသင်းနည်းပြရာထူးအတွက် ချိတ်ဆက်ခံခဲ့ရပေမယ့် သူကတော့ ဒီအခွင့်အရေးကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုကနေ စောစီးစွာထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဘာဟယ်လ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။ ဘာဟယ်လ်တာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမေရိကန်အသင်းကို ကိုင်တွယ်ခဲ့ပေမယ့် Round of 16 ကနေ ကျော်ဖြတ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိပါဘူး။

အမေရိကန်အသင်းဟာ လာမယ့်စက်တင်ဘာထဲမှာ ကနေဒါ၊နယူးဇီလန်အသင်းတို့နဲ့ ခြေစမ်းပွဲယှဉ်ပြိုင်မှာဖြစ်ပြီး ဒီပွဲတွေမတိုင်ခင် နည်းပြသစ်ခန့်အပ်နိုင်ဖို့ အမေရိကန်ဘောလုံးအဖွဲ့ချုပ်က အမြန်ဆုံးကြိုးပမ်းနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *