အသက်(၄၁)နှစ် (၅)လ အရွယ်မှာ ဘောလုံးသမားဘဝက အနားယူသွားတဲ့ ပေပေ

0

ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ဝါရင့်နောက်ခံလူ ပေပေဟာ ဘောလုံးကစားခြင်းကနေ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ပေပေဟာ အသက်(၄၁)နှစ်(၅)လရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကုန်က သူ ဒုတိယအကြိမ်ကစားခဲ့တဲ့ ပေါ်တိုအသင်းနဲ့လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။

သူ့အနေနဲ့ ကလပ်အသင်းမှာရော၊ လက်ရွေးစင်အသင်းမှာပါ အသက်အကြီးဆုံးစံချိန်များစွာတင်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ယူရို-၂၀၂၄ပြိုင်ပွဲဝင် ပေါ်တူဂီလက်ရွေးစင်အသင်းမှာ ပါဝင်ကစားပြီး ပြိုင်ပွဲရဲ့အသက်အကြီးဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့ ပေပေအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၄)ကြိမ်၊ ယူရိုပြိုင်ပွဲ(၅)ကြိမ် ကစားခဲ့ဖူးပါတယ်။

၂၀၀၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ နိုင်ငံတကာပွဲပေါင်း(၁၄၁)ပွဲအထိ ကစားခဲ့သူ ပေပေဟာ ယူရို-၂၀၁၆ ဗိုလ်လုပွဲမှာ ခြေစွမ်းပြကာ အကောင်းဆုံးကစားသမားဆုရခဲ့ပြီး အဲဒီပြိုင်ပွဲမှာ ချန်ပီယံဆုနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ပေပေဟာ ကလပ်အသင်းကစားသမားဘဝမှာ မာရီတီမို၊ ပေါ်တို၊ ရီးရဲလ်မက်ဒရစ်၊ ဘက်ဆစ်တပ်စ်အသင်းတွေမှာ ကစားခဲ့ပြီး ပရော်ဖက်နယ်ပွဲပေါင်း (၅၂၁)ပွဲကစားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *