မန်စီးတီး ပယ်နယ်တီကန်တဲ့သူတွေကို အာရုံပြောင်းဖို့ အိုနာနာ လုပ်ခဲ့ပေမယ့် (၁)လုံးသာ ကာကွယ်နိုင်ခဲ့

0

မနေ့က မန်စီးတီး(၁-၁)မန်ယူနိုက်တက် ပယ်နယ်တီ(၇-၆) ကွန်မြူနတီဒိုင်းပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းဂိုးသမား အိုနာနာဟာ မန်စီးတီးအသင်းရဲ့ပယ်နယ်တီကန်တဲ့သူတွေကို အာရုံပြောင်းစေဖို့ ကြိုးစားခဲ့ပေမယ့် ပယ်နယ်တီ(၈)လုံးမှာ (၁)လုံးသာ ကာကွယ်နိုင်ခဲ့ပါတယ်။

အိုနာနာဟာ ပယ်နယ်တီအဆုံးအဖြတ်မှာ မန်စီးတီးအသင်းရဲ့ပထမဆုံးပယ်နယ်တီကန်သွင်းသူ ဘာနာဒိုဆေးလ်ဗားရဲ့ကန်သွင်းမှုကိုသာ ကာကွယ်နိုင်ခဲ့တာပါ။

အိုနာနာဟာ ရူဘင်ဒီယက်စ်နဲ့ ဟာလန်းကန်သွင်းတဲ့ အချိန်တွေမှာ လက်အမူအရာတွေ၊ မျက်နှာအမူအရာတွေနဲ့ လုပ်ပြခဲ့ပေမယ့် သူတို့တွေကတော့ ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဘက်က ဆန်ချိုနဲ့ အီဗန်စ်တို့ပယ်နယ်တီလွဲချော်မှုတွေကြောင့် မန်စီးတီးအသင်းကို ပယ်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ရာသီအဖွင့်ကွန်မြူနတီဒိုင်းကို ဆုံးရှုံးခဲ့ရတာပါ။

အိုနာနာဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာလည်း ဒီလိုမျိုးလုပ်ရပ်တွေလုပ်ခဲ့လို့ ဝေဖန်မှုတွေခံခဲ့ရသေးပါတယ်။ အိုနာနာဟာ မန်ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ပယ်နယ်တီကန်သွင်းမှုပြုလုပ်ချိန်မှာ ဒီလိုလုပ်ရပ်နဲ့ ကိုင်ဟာဗက်ဇ်ရဲ့ကန်သွင်းချက်မှုကို ကာကွယ်နိုင်ခဲ့ပေမယ့် ဂေဘရီရယ်လ်ရဲ့ကန်သွင်းမှုကိုတော့ ကာကွယ်နိုင်ခဲ့ခြင်းမရှိခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပေးဂိုးအများအပြားခွင့်ပြုခဲ့ရလို့ ဂိုးသမား အိုနာနာဟာ ဝေဖန်မှုတွေခံခဲ့ရပါတယ်။

မကြာသေးခင်ကလည်း မန်ယူနိုက်တက်အသင်းဂန္ထဝင် ပေါလ်စခိုးလ်က အိုနာနာရဲ့ပုံစံက သူ့ကို ကြီးမားတဲ့စိုးရိမ်မှုတွေဖြစ်ခဲ့တယ်လို့ The Overlap ကို ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *