စာချုပ်သစ် ကမ်းလှမ်းခြင်း မခံထားရလို့ ဗန်ဒိုက်ရဲ့ လီဗာပူးလ်အနာဂတ် မရေမရာဖြစ်နေ

0

ဒတ်ခ်ျနောက်ခံလူ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းခြင်းမခံထားရလို့ သူ့ရဲ့လီဗာပူးလ်အသင်းအနာဂတ်ဟာ မရေမရာဖြစ်နေပါတယ်။

ဗန်ဒိုက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီး စာချုပ်သစ်မချုပ်ဆိုနိုင်ရင် ရာသီအကုန်မှာ အလွတ်နဲ့ ထွက်ခွာရမှာပါ။

ဗန်ဒိုက်ဟာ နည်းပြသစ် အာနီဆလော့လက်ထက် သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းက ဆီဗီလာအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ဒီပွဲအပြီးမှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မီဒီယာသမားတွေရဲ့မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဘာအပြောင်းအလဲမှ မရှိသေးဘူးလို့ ဖြေသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီနွေရာသီမှာ ဗန်ဒိုက်အပြင် အာနိုးလ်နဲ့ ‌ဆာလာတို့ရဲ့အနာဂတ်ကိုလည်း ဖြေရှင်းရဖို့ ရှိနေပါတယ်။

သူတို့(၃)ဦးဟာ ရာသီအကုန်မှာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ အာနိုးလ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့က စောင့်ကြည့်နေပြီး ဆာလာကိုတော့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက ပစ်မှတ်ထားနေတာပါ။ လီဗာပူးလ်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားတစ်ဦးမှ မခေါ်ယူရသေးတာကြောင့် ကစားသမားသစ် ခေါ်ယူပေးဖို့ ဗန်ဒိုက်က ပြောခဲ့ပါသေးတယ်။

လီဗာပူးလ်အသင်းဟာ နည်းပြသစ် အာနီဆလော့လက်ထက် ရာသီကြိုခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းရရှိခဲ့ပြီး (၄)ပွဲနိုင်၊(၁)ပွဲသရေကျခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ရာသီသစ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဩဂုတ်(၁၇)ရက်မှာ အစ်ဝစ်ခ်ျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *