Laughing Gas ရှုနေတဲ့ ရုပ်သံအတွက် ပြန်တောင်းပန်ခဲ့ရတဲ့ ဘစ်ဆူးမား

0

စပါးအသင်းကွင်းလယ်လူ ဘစ်ဆူးမားဟာ laughing gas ရှူရှိုက်နေတဲ့ ရုပ်သံကို သူ့ရဲ့Snapchat မှာ တင်ခဲ့ခြင်းအတွက် ပြန် တောင်းပန်ခဲ့ပတယ်။

ဘစ်ဆူးမားရဲ့လုပ်ရပ်ဟာ ပရီးမီးယားလိဂ်ရာသီသစ်မစတင်ခင်အချိန်မှာ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးနဲ့ အသင်းတာဝန်ရှိသူ​တွေကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။

ဘစ်ဆူးမားဟာ ဒီအဖြစ်အပျက်အတွက် တောင်းပန်ကြောင်း တနင်္ဂနွေနေ့ညက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ ဘစ်ဆူးမားရဲ့ထုတ်ပြန်ချက်ထဲမှာ “ဒီဗီဒီယိုရုပ်သံအတွက် တောင်းပန်ချင်ပါတယ်။ ဒါဟာ ဆင်​ခြင်တုံ့တရားကင်းမဲ့ခဲ့တာပါ။ ဒါကကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်ဆိုတာကို နားလည်ပါတယ်။ ဘောလုံးသမား/စံပြပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်”လို့ ​ဖော်​ပြထားပါတယ်။

စပါးအသင်းတာဝန်ရှိသူတစ်ဦးကတော့ ဒီအဖြစ်အပျက်ကို အသင်းအတွင်းမှာ စည်းကမ်းပိုင်းဆိုင်ရာအရ ကိုင်တွယ်သွားမယ်လို့ ပြောခဲ့ပါတယ်။ laughing gas အသုံးပြုမှုကြောင့် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်ပျက်ဆီးတာအပါအဝင် အန္တရာယ်အများအပြားကို ဖြစ်စေနိုင်ပြီး သေဆုံးမှုတွေတောင် ရှိခဲ့ပါတယ်။ ပုံမှန်ဆေးစစ်ဆေးမှုတွေမှာ ဒါကိုသုံးစွဲတာကို သိနိုင်ဖွယ်မရှိလို့ ပရီးမီးယားလိဂ်ဘောလုံးဘောလုံးသမားတွေအကြားမှာ ဒါကိုအသုံးပြုမှုများလာမယ့်အပေါ်
တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။

ဘစ်ဆူးမားဟာ စပါးအသင်းအတွက် သူ့ရဲ့တတိယမြောက်ရာသီကို ဖြတ်သန်းရမှာဖြစ်ပြီး နောက်ဆုံးနှစ်ရာသီမှာ ပွဲပေါင်း(၅၆)ပွဲပါဝင်ကစားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *