အိုမိုရိုဒီယန် အပြောင်းအရွှေ့ပျက်ပြယ်၊ဂျော်အိုဖီးလစ်အတွက် ချယ်လ်ဆီးနဲ့ အက်သလက်တီကို ဆွေးနွေး

0

ချယ်လ်ဆီးအသင်းနဲ့ စပိန်တိုက်စစ်မှူး အိုမိုရိုဒီယန်ရဲ့အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့တဲ့အတွက် ချယ်လ်ဆီးနဲ့ အက်သလက်တီကိုအသင်းတို့ဟာ ပေါ်တူဂီကြယ်ပွင့် ဂျော်အိုဖီးလစ်ရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။

အိုမိုရိုဒီယန်ဟာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှုကို အပြီးသတ်ဖို့ လန်ဒန်ကို လာရောက်ခဲ့ပေမယ့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့လို့ မက်ဒရစ်ကို ပြန်သွားရတော့မှာပါ။

အိုမိုရိုဒီယန်ရဲ့အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပေမယ့် ချယ်လ်ဆီးနဲ့ အက်သလက်တီကိုအသင်းတို့ဟာ ဂျော်အိုဖီးလစ်ရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။ ဂျော်အိုဖီးလစ်ဟာ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့ဆွေးနွေးဖို့ အေးဂျင့်ဖြစ်သူ ဂျော့ခ်ျမန်ဒက်စ်နဲ့အတူ လန်ဒန်ကို လာရောက်မှာ ဖြစ်ပါတယ်။

အက်သလက်တီကိုနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဂယ်လက်ဂါနဲ့ အယ်လ်ဗာရက်ဇ်တို့ရဲ့အပြောင်းအရွှေ့ကို ပြီးမြောက်စေဖို့အတွက် ဂျော်အိုဖီးလစ်ဟာ ဒီအစိတ်အပိုင်းရဲ့ဆွေးနွေးမှုတွေမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဂျော်အိုဖီးလစ်ဟာ ၂၀၂၂-၂၃ ရာသီရဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ချယ်လ်ဆီးအသင်းထံ အငှားနဲ့ လာရောက်ကစားခဲ့ပြီး ပွဲပေါင်း(၂၀)ပါဝင်ကစားကာ (၄)ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အသင်းဟောင်း ဘင်ဖီကာနဲ့ ဘာစီလိုနာအသင်းတို့ရဲ့စိတ်ဝင်စားမှုကိုလည်း ခံနေရတဲ့ ဂျော်အိုဖီးလစ်ဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ အက်သလက်တီကိုအသင်းအတွက် ပါဝင်ကစားခဲ့ပြီး ဂိုးသွင်းယူကာ ခြေစွမ်းပြသနေပါတယ်။ ဒါပေမယ့် အက်သလက်တီကိုအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဂျော်အိုဖီးလစ်ကို အပြီးသတ်ရောင်းချချင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *