လိဂ်ဖလားက စောစီးစွာထွက်ခွာခဲ့ရပြီးနောက် မက်ဆီမပါဝင်နိုင်တဲ့အပေါ် ဘူးစကွက် ညည်းတွား

0

လိဂ်ဖလား Round of 16 ပွဲစဉ်မှာ ကိုလံဘတ်စ်ခရူအသင်းကို(၃-၂)ဂိုးနဲ့ ရှုံးနိမ့်ပြီး
အင်တာမိုင်ယာမီအသင်း ပြိုင်ပွဲကနေ စောစီးစွာထွက်ခွာခဲ့ရပြီးနောက် ကွင်းလယ်လူ ဘူးစကွက်က အသင်းခေါင်းဆောင် မက်ဆီမပါဝင်နိုင်တဲ့အပေါ် ညည်းတွားခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ လက်ရှိချန်ပီယံဆုကို မကာကွယ်နိုင်ဘဲ ပြိုင်ပွဲကနေ စောစီးစွာထွက်ခဲ့ရတာပါ။

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ဒဏ်ရာရရှိပြီးကတည်းက အခုအချိန်အထိ အင်တာမိုင်ယာမီအသင်းမှာ ပါဝင်ခြင်းမရှိပါဘူး။ အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနိုက မက်ဆီဘယ်အချိန်မှပြန်ကစားနိုင်မလဲဆိုတာ သူမသိဘူးလို့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဆိုထားပါတယ်။ အင်တာမိုင်ယာမီအသင်းဟာ မက်ဆီမပါဝင်နိုင်တဲ့ ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ အရေးနိမ့်ခဲ့ပြီး ကွင်းလယ်လူ ဘူးစကွက်က မက်ဆီကို ကွင်းထဲမှာ သူလွမ်းဆွတ်နေတယ်လို့ ပြောခဲ့တာပါ။

ဘူးစကွက်က “လီယိုက ခြားနားမှုတွေပြုလုပ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်။ သူ့ကို ကျွန်တော်တို့နဲ့အတူ ရှိစေချင်ပါတယ်။ ဒါပေမယ့်လည်း ဘောလုံးမှာ ဒဏ်ရာတွေ၊အဆင်မပြေမှုတွေရှိတတ်ပါတယ်။ ကျွန်တော်တို့ဟာ ပြိုင်ပွဲကို ဆက်သွားချင်ပြီး အဆုံးထိတိုက်ပွဲဝင်ခဲ့ပါတယ်”လို့ ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ လိဂ်ဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရပေမယ့် မေဂျာလိဂ်အရှေ့ပိုင်းဇုန်အမှတ်ပေးဇယားကို ထိပ်ဆုံးနေရာကနေ ဦးဆောင်နေပြီး သြဂုတ်(၂၄)ရက်မှာ မေဂျာလိဂ်ပွဲစဉ်အဖြစ် အဆင့်(၂)နေရာမှာ ရပ်တည်နေတဲ့ စင်စင်နာတီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *