ဖူလ်ဟမ်နဲ့ပွဲက မန်ယူနိုက်တက်ရဲ့နည်းဗျူဟာတွေကို Sky Sports ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပြသမိခဲ့

0

မနေ့က မန်ယူနိုက်တက်(၁-ဝ)ဖူလ်ဟမ် ပရီးမီးယားလိဂ်ရာသီသစ်အဖွင့်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းရဲ့နည်းဗျူဟာတွေကို Sky Sports က တိုက်ရိုက်ထုတ်လွှင့်ပြသမိခဲ့ပါတယ်။

ဒီပွဲမှာ မန်ယူနိုက်တက်အသင်းဟာ လူစားဝင်တိုက်စစ်မှူး ဇက်ခ်ဇီရဲ့ပွဲချိန်(၈၇)မိနစ်မှာ သွင်းယူတဲ့ဂိုးကြောင့် ရာသီအစကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာပါ။

ဒီပွဲစဉ်ရဲ့ပွဲချိန်(၅၈)မိနစ်မှာ တိုက်စစ်မှူး ဇက်ခ်ဇီလူစားလဲမဝင်ရောက်ချိန် မန်ယူနိုက်တက်အသင်းနည်းပြအဖွဲ့ဝင်တစ်ဦးက သူ့ကို နည်းဗျူဟာပိုင်းနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။

နည်းပြအဖွဲ့ဝင်တစ်ဦးဟာ Tablet ကိုင်တွယ်ပြီး ဇက်ခ်ဇီကို နည်းဗျူဟာအပိုင်းပြောဆိုနေခဲ့တာဖြစ်ပြီး ဒီအချိန်မှာ Sky Sports ကင်မရာက ဒါကို အကျယ်ချဲ့ပြီးတိုက်ရိုက်ပြသမိသွားခဲ့တာပါ။

ဇက်ခ်ဇီဟာ လက်ကျန်မိနစ်တွေမှာ မန်ယူနိုက်တက်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့ကာ ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆု(Man of the Match)ကို ရရှိသွားခဲ့ပါတယ်။

ဇက်ခ်ဇီက မန်ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်မှာ ဂိုးသွင်းယူပြီး နိုင်ပွဲရယူပေးနိုင်ခဲ့တာကြောင့် သူ့အတွက် ပြီးပြည့်စုံခဲ့တယ်လို့ ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ကလည်း ရာသီအစကို နိုင်ပွဲနဲ့စတင်နိုင်ဖို့ းအရေးကြီးတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂)အဖြစ် သြဂုတ်(၂၄)ရက်မှာ ဘရိုက်တန်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *