ဖူလ်ဟမ်နဲ့ပွဲမှာ ဒိုင်ဗင်ထိုးခဲ့တဲ့ မက်ဂွဲယားကို အိုလံပစ်နဲ့ နှိုင်းယှဉ်ပြီး ပရိသတ်တွေ လှောင်ပြောင်

0

မနေ့က မန်ယူနိုက်တက်(၁-ဝ)ဖူလ်ဟမ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒိုင်ဗင်ထိုးခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရတဲ့ မန်ယူနိုက်တက်အသင်းနောက်ခံလူ မက်ဂွဲယားကို ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ အိုလံပစ်ပြိုင်ပွဲနဲ့ နှိုင်းယှဉ်ပြီး လှောင်ပြောင်ခဲ့ပါတယ်။

မက်ဂွဲယားဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း ဖူလ်ဟမ်အသင်းဂိုးဧရိယာထဲမှာ စမစ်ရိုးနဲ့ထိခိုက်မိပြီး လဲကျသွားခဲ့ပေမယ့် အနှေးပြကွက်တွေမှာတော့ ပြိုင်ဘက်ကစားသမားနဲ့ ထိခဲ့ခြင်းမရှိတာပါ။

အဲ့ဒါကြောင့် မက်ဂွဲယားဟာ ကွင်းလယ်ဒိုင်လူကြီးရဲ့အဝါကတ်ပြသခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မက်ဂွဲယားဟာ သူ့ကိုအဝါကတ်ပြသခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကွင်းလယ်ဒိုင်လူကြီးကို စောဒကတက်ခဲ့ပါသေးတယ်။

ပရိသတ်တစ်ဦးက “ဒိုင်ဗင်အတွက် အိုလံပစ်ပြိုင်ပွဲရွှေတံဆိပ်ကို ပြီးခဲ့တဲ့အပတ်က ရရှိခဲ့ပြီးပြီ”လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးက “မက်ဂွဲယားဟာ အိုလံပစ်ပြိုင်ပွဲမှာ ဒိုင်ဗင်ထိုးတာကို မျက်စိကျခဲ့တယ်”လို့ ရေးသားခဲ့ကာ နောက်ထပ်တစ်ဦးက”မက်ဂွဲယားဒိုင်ဗင်ထိုးတာက ကျွန်တော်မြင်တွေ့ဖူးသမျှထဲမှာ အဆိုးရွားဆုံး”လို့ ရေးသားခဲ့ကြတာပါ။

မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘိုင်ယန်မြူးနစ်အသင်းနောက်ခံလူ ဒီလစ်ကို ခေါ်ယူခဲ့ပေမယ့် ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ မက်ဂွဲယားကိုသာ ပွဲထွက်လူစာရင်းအသုံးပြုခဲ့ပြီး သူကလည်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မက်ဂွဲယားဟာ ဒဏ်ရာရသွားခဲ့လို့ ပွဲချိန်မိနစ်(၈၀)မှာဒီလစ်နဲ့ လူစားလဲခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *