ဆော်ဒီစူပါဖလား ဗိုလ်လုပွဲ ရှုံးနိမ့်မှုကြောင့် စီရော်နယ်ဒို စိတ်ပျက်ပြီး ငွေတံဆိပ်ရယူခဲ့ခြင်းမရှိ

0

မနေ့က အယ်လ်နာဆာ(၁-၄)အယ်လ်ဟီလယ် ဆော်ဒီစူပါဖလားဗိုလ်လုပွဲအပြီးမှာ အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ရှုံးပွဲကြောင့် စိတ်ပျက်ပြီး ငွေတံဆိပ်ကိုမယူဘဲ ဥမင်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်နာဆာအသင်းနဲ့ Arab Club Champions Cup ပြိုင်ပွဲမှာ ချန်ပီယံဆုရယူပြီးနောက် ဒုတိယမြောက်ဆုဖလားအဖြစ် ဆော်ဒီစူပါဖလားကို ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။

စီရော်နယ်ဒိုဟာ ဆော်ဒီစူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်နာဆာအသင်းအတွက်ဂိုးသွင်းယူနိုင်ခဲ့သလို ဗိုလ်လုပွဲမှာလည်း အယ်လ်ဟီလယ်အသင်းဘက်ကို ဦးဆောင်ဂိုးသွင်းပြီး အယ်လ်နာဆာအသင်းကို ပထမပိုင်းအပြီးမှာ ဦးဆောင်စေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့တဲ့ အယ်လ်ဟီလယ်အသင်းက အယ်လ်နာဆာအသင်းကို (၄)ဂိုးပြန်သွင်းပြီး ဆော်ဒီစူပါဖလားကို ရယူသွားနိုင်ခဲ့တာပါ။

စီရော်နယ်ဒိုဟာ အယ်လ်ဟီလယ်အသင်းကို ဂိုးတွေဆက်တိုက်ပြန်ပေးခဲ့ရတာကြောင့် အလွန်စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။ အယ်လ်ဟီလယ်အသင်းသွင်းယူခဲ့တဲ့ စတုတ္ထဂိုးမှာ အယ်လ်နာဆာအသင်းရဲ့ကစားပုံဟာ အလွန်ဆိုးရွားခဲ့တာကြောင့် စီရော်နယ်ဒိုဟာ သူ့အသင်းဖော်တွေ အိပ်ပျော်နေတယ်ဆိုပြီး အမူအရာလုပ်ပြသွားခဲ့တာပါ။ ပွဲအပြီးမှာ အယ်လ်နာဆာအသင်းကစားသမားတွေဟာ ငွေတံဆိပ်ကို ရယူခဲ့ကြပေမယ့် စီရော်နယ်ဒိုဟာ ဒီတံဆိပ်ကို စိတ်မဝင်စားဘဲ ကွင်းထဲကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ပြီးကတည်းက ခြေစွမ်းပြပြီး စံချိန်တင်သွင်းဂိုးတွေသွင်းယူကာ ပြီးခဲ့တဲ့ရာသီက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် အယ်လ်နာဆာအသင်းဟာ အယ်လ်ဟီလယ်အသင်းနဲ့ ယှဉ်ပြိုင်တဲ့ ဖလားပြိုင်ပွဲတိုင်းနီးပါးကို အရှုံးပေးခဲ့ရပြီး ရာသီသစ်အစပိုင်းမှာလည်း ထပ်မံအရှုံးပေးခဲ့ရတာကြောင့် စီရော်နယ်ဒိုဟာ ရှုံးပွဲတွေကို အလွန်စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *