လာလီဂါပွဲဦးထွက်မှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ဘာပေကို ဟာဇက် 2.0 လို့ ပရိသတ်တွေ လှောင်ပြောင်

0

မနေ့က မာယော့ကာ(၁-၁)ရီးရဲလ်မက်ဒရစ် လာလီဂါပွဲစဉ်မှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်ကစားသမား ဘာပေကို ပရိသတ်တွေက ရီးရဲလ်မက်ဒရစ်အသင်းကစားသမားဟောင်း ဟာဇက် 2.0 လို့ ဆိုရှယ်မီဒီယာပေါ်မှာလှောင်ပြောင်ခဲ့ကြပါတယ်။ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဘာပေဟာ ပွဲဦးထွက်ဖြစ်တဲ့ အတ္တလန်တာအသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် မာယော့ကာအသင်းနဲ့ လာလီဂါပွဲဦးထွက်မှာတော့ ဂိုးပေါက်ပျောက်ဆုံးခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီပွဲမှာ ရိုဒရီဂိုရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မူရီကွီက မာယော့ကာအသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲရဲ့မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပို(၇)မိနစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ ဖာလန်းမန်ဒီတိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ ဘာပေဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးအချို့ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ဝေဖန်လှောင်ပြောင်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “ဟာဇက် 2.0 ကို ဒီမှာပထမဆုံးမြင်တွေ့ခဲ့ရတယ်”လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးက “ဆိုးရွားတဲ့ စွမ်းဆောင်ရည်နဲ့ အပြောင်းအလဲပြုလုပ်ဖို့နောက်ကျခဲ့ပြီး (၂)နာရီကို အချိန်ဖြုန်းတီးခဲ့ပါတယ်”လို့ ရေးသားခဲ့ကာ နောက်တစ်ဦးကတော့ “လယ်သမားမဟုတ်တဲ့လိဂ်ကို ရောက်သွားပြီဆိုတာ ဘာပေမြင်တွေ့ခဲ့ရတယ်”လို့ ရေးသားခဲ့ကြတာပါ။

ဘာပေဟာ PSG အသင်းမှာ စံချိန်တင်ဂိုးသွင်းခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းပရိသတ်တွေက သူ့ကို အများကြီးမျှော်လင့်ခဲ့ပေမယ့် ဒီပွဲမှာဂိုး အခွင့်အရေးဖန်တီးနိုင်မှုလည်းမရှိခဲ့သလို ဂိုးပေါက်ကန်သွင်းမှုကလည်း နည်းပါးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *