PFA နေရာအလိုက် အကောင်းဆုံးအသင်းနဲ့ ပတ်သက်ပြီး မန်ယူနိုက်တက် ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ မှတ်တမ်းရရှိ

0

မန်ယူနိုက်တက်အသင်းဟာ ၂၀၂၃-၂၄ ရာသီ PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ ကစားသမားတစ်ဦးမှမပါဝင်ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ဆိုးရွားတဲ့ မှတ်တမ်းတစ်ခုကို ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်ခေတ်မှာ မန်ယူနိုက်တက်အသင်းဟာ PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ ကလပ်အသင်းက ကစားသမားတစ်ဦးမှမပါဝင်ဘဲ ပထမဆုံးအကြိမ် နှစ်ရာသီဆက်တိုက်ဖြတ်သန်းခဲ့ရတာပါ။

မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆိုးရွားတဲ့ စံချိန်မှတ်တမ်းတွေနဲ့ အမှတ်ပေးဇယားအဆင့်(၈)နေရာမှာ ရပ်တည်ပြီး ရာသီအဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်အနားယူပြီးကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုနဲ့ ဝေးကွာခဲ့ပေမယ့် PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ ကစားသမားတစ်ဦးမဟုတ် တစ်ဦးတော့ ပါဝင်နေတာပါ။

LONDON, ENGLAND – AUGUST 10: Harry Maguire and Bruno Fernandes of Manchester United show their dejection at the end of the 2024 FA Community Shield match between Manchester United and Manchester City at Wembley Stadium on August 10, 2024 in London, England. (Photo by Eddie Keogh – The FA/The FA via Getty Images)

မန်ယူနိုက်တက်အသင်းဟာ PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ ကလပ်အသင်းက ကစားသမားတွေမပါဝင်တဲ့ ရာသီတွေရှိခဲ့ပေမယ့် ဒီလိုမျိုး(၂)ရာသီဆက်တိုက်တော့ မဖြစ်ခဲ့ဖူးပါဘူး။ ၂၀၂၁ က မန်ယူနိုက်တက်အသင်းကို ဒုတိယအကြိမ်ကစားဖို့ ပြန်ရောက်လာခဲ့တဲ့ စီရော်နယ်ဒိုဟာ ၂၀၂၁-၂၂ ရာသီမှာ ဒီစာရင်းထဲ ပါဝင်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းရဲ့နောက်ဆုံးကစားသမားဖြစ်ခဲ့တာပါ။

နည်းပြ ဟောင်း ဆိုးလ်ရှားကိုင်တွယ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၂)နေရာနဲ့ မန်ယူနိုက်တက်အသင်းအဆုံးသတ်ခဲ့တုန်းက ဘရူနိုဖာနန်ဒက်စ်နဲ့ လုပ်ခ်ရှောတို့ဟာ PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ နေရာအလိုက်အကောင်းဆုံးအသင်းမှာ ကစားသမားတစ်ဦးမှမပါဝင်ဘဲ နောက်ဆုံးဖြတ်သန်းခဲ့တဲ့ (၂)ရာသီက ၁၉၈၆-၈၇ နဲ့ ၁၉၈၇-၈၈ တို့ဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ လိဂ်ကိုကြီးစိုးထားတဲ့ ၁၉၇၉ ကနေ ၁၉၈၀ အထိ (၃)နှစ်ဆက်တိုက် နေရာအလိုက်အကောင်းဆုံးအသင်းမှာ ကစားသမားတစ်ဦးမှ မပါဝင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *