ဂျော်အိုဖီးလစ် နာမည်ရေးထိုးထားတဲ့ ကမ္ဗည်းပြားကို အက်သလက်တီကို ပရိသတ်တွေ ဖျက်ဆီး

0

‌အက်သလက်တီကိုအသင်းပရိသတ်တွေဟာ ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖီးလစ် ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ပြီးနောက် Metropolitano အားကစားကွင်းထဲမှာ သူ့ရဲ့နာမည်ရေးထိုးထားတဲ့ ကမ္ဗည်းပြားကို ဖျက်ဆီးခဲ့ကြပါတယ်။

အက်သလက်တီကိုပရိသတ်တွေဟာ ဂျော်အိုဖီးလစ်နာမည်ပါ ကမ္ဗည်းပြားပေါ်မှာ အမှိုက်တွေစုပြုံထားပြီး ညစ်ပေအောင်ပြုလုပ်ကာ ဖျက်ဆီးခဲ့တာပါ။

ဂျော်အိုဖီးလစ်ဟာ ၂၀၂၃ ဇန်နဝါရီအပြောင်းအရွှေ့က သူ အငှားလာရောက်ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းထံ ပေါင်(၄၆)သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။

ဂျော်အိုဖီးလစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းမှာ အငှားကစားခဲ့ပြီး ဘာစီလိုနာအသင်းကို ကိုယ်စားပြုကစားဖို့က သူ့ရဲ့ငယ်ဘဝအိပ်မက်တစ်ခုလို့ ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့် အက်သလက်တီကိုပရိသတ်တွေက ဒေါသထွက်ပြီး အက်သလက်တီကိုအသင်းကို သူပြန်လည်ရောက်ရှိလာပြီးနောက် အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားခဲ့ချိန်မှာ လှောင်ပြောင်ခဲ့ကြပါတယ်။

ဂျော်အိုဖီးလစ်ဟာ ချယ်လ်ဆီးအသင်းနဲ့ (၆)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စိန်ခေါ်မှုအသစ်တွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ပြောခဲ့ပါတယ်။ ဂျော်အိုဖီးလစ်ဟာ ဝုလ်ဗ်စ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကစားသမားဘ၀ ဒုတိယမြောက်ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *