ဂိုးပေါက်အလွတ်ထဲကို ဂိုးဝင်အောင် မသွင်းနိုင်တဲ့ မာခ့်ဂီအူကို ချယ်လ်ဆီးပရိသတ်တွေ ဝေဖန်

0

မနေ့က ချယ်လ်ဆီး(၂-ဝ)ဆာဗတ် ယူရိုပါကွန်းဖရန့်လိဂ် Play-off (ပထမအကျော့)ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ကစားသမားအသစ် မာခ့်ဂီအူဟာ ဂိုးပေါက်အလွတ်ကြီးထဲကို ဂိုးဝင်အောင်မကန်သွင်းနိုင်ခဲ့တာကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ချယ်လ်ဆီးအသင်းပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းကနေ ရောက်ရှိလာခဲ့တဲ့ မာခ့်ဂီအူဟာ ဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကစားသမားဘ၀ ပထမဆုံးသွင်းဂိုးရရှိဖို့ အခွင့်အရေးကောင်းရခဲ့ပေမယ့် လွဲချော်ခဲ့တာပါ။

ဒီပွဲစဉ်ရဲ့ပွဲချိန်(၅၁)မိနစ်မှာ မာခ့်ဂီအူဟာ ဆာဗတ်ဂိုးသမားရဲ့ဘောလုံးပေးပို့မှုကို ဖြတ်ယူပြီး ဂိုးပေါက်အလွတ်ကြီးထဲကို ဂိုးသွင်းဖို့ အခွင့်အရေးရခဲ့ပေမယ့် ဆာဗတ်ဂိုးသမားရဲ့အလျင်အမြန်ကာကွယ်မှုကြောင့် ဂိုးမရခဲ့ပါဘူး။ မာခ့်ဂီအူဟာ ဆာဗတ်အသင်းဂိုးသမား ကာကွယ်ခဲ့လို့ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ထပ်ပြီးပိတ်သွင်းခဲ့ပေမယ့်လည်း လွဲချော်ခဲ့တာပါ။ အဲ့ဒါကြောင့် ချယ်လ်ဆီးအသင်းပရိသတ်တွေက မာခ့်ဂီအူကို သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ ဝေဖန်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “မာခ့်ဂီအူရဲ့လွဲချော်မှုကို ရှက်ဖို့ကောင်းတယ်”လို့ ရေးသားခဲ့ပြီး နောက်တစ်ဦးက “မာခ့်ဂီအူ ဒါနောက်ပြောင်တာလား”လို့ ရေးသားကာ နောက်ထပ်ပရိသတ်တွေက “မာခ့်ဂီအူကို အငှားချသင့်တယ်”၊”မာခ့်ဂီအူက မိုရာတာနဲ့ တီမိုဝါနာလက်သစ်”လို့ ရေးသားမှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ချယ်လ်ဆီးအသင်းဟာ နည်းပြ မာရက်စ်ကာလက်ထက် ပထမဆုံးနိုင်ပွဲအဖြစ် ဆာဗတ်အသင်းကို အနိုင်ရခဲ့ပေမယ့် ဒီပွဲမှာ အဓိက ကစားသမားဖြစ်တဲ့ ကိုးလ်ပါမား တံကောက်ကြောဒဏ်ရာရရှိသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာကတော့ ကိုးလ်ပါမားကို ဝုလ်ဖ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *