လူငယ်တွေပညာရေး ရန်ပုံငွေပွဲအဖြစ် ကစားမယ့် မန်ယူဂန္တဝင်အသင်းနဲ့ ဆဲလ်တစ်ဂန္တဝင်အသင်းရဲ့ ဝင်

0

အင်္ဂလန်အနောက်မြောက်ပိုင်းဒေသက လူငယ်တွေရဲ့ပညာရေးအတွက်ရည်ရွယ်တဲ့ ရန်ပုံငွေပွဲတစ်ပွဲကို
လာမယ့် စက်တင်ဘာလ(၇)ရက်နေ့မှာ မန်ချက်စတာမြို့က အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားသွားမှာဖြစ်ပါတယ်။

ဒီပွဲမှာ ကစားမယ့်အသင်းတွေကတော့ မန်ယူနိုက်တက်ဂန္ထဝင်အသင်းနဲ့ ဆဲလ်တစ်ဂန္ထဝင်အသင်းတို့ဖြစ်ပြီး နှစ်ဘက်အသင်းက နာမည်ကျော်ကစားသမားဟောင်းတွေ ပါဝင်ကစားသွားမှာပါ။

မန်ယူနိုက်တက်ဂန္ထဝင်အသင်းမှာ ရွန်နီ၊ ကာရစ်၊ ဖလက်ချာ၊ ဘာဘာတော့ဗ်၊ နစ်ကီဘတ်၊ ပေါလ်စခိုးလ်၊ ဗလင်စီယာအစရှိတဲ့ မန်ယူနိုက်တက်ကစားသမားဟောင်းတွေ ပါဝင်မှာဖြစ်ပါတယ်။

မန်ယူနိုက်တက်မှာ အသင်းခေါင်းဆောင်အဖြစ် ၁၉၈၂ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အထိ (၁၂)နှစ်ကြာ ကစားခဲ့တဲ့ ကွင်းလယ်လူဟောင်း ဘရိုင်ယန်ရော့ဘ်ဆင်က မန်ယူနိုက်တက်ဂန္ထဝင်အသင်းနည်းပြအဖြစ် ကိုင်တွယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဆဲလ်တစ်ဂန္ထဝင်အသင်းကိုတော့ ဆဲလ်တစ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်လမ်းဘတ်က နည်းပြအဖြစ် ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

မန်ယူနိုက်တက်ဂန္ထဝင်အသင်းဟာ Manchester United Foundation ရဲ့စီစဉ်မှုနဲ့ အခုလိုပဲ အခြားအသင်းတွေရဲ့ဂန္ထဝင်အသင်းတွေနဲ့ ရန်ပုံငွေပွဲတွေကစားလေ့ရှိပြီး ၂၀၂၂ ခုနှစ်အတွင်းက လီဗာပူးလ်ဂန္ထဝင်အသင်းနဲ့ပွဲမှာ ရန်ပုံငွေ ပေါင်(၁.၃)သန်းအထိ ရရှိခဲ့ပါတယ်။

Manchester United Foundation ဟာ ဒီငွေကြေးတွေနဲ့ ဒေသတွင်းက လူငယ်တွေအတွက် ပညာရေးနဲ့ ပတ်သက်တဲ့စီမံကိန်းတွေ ဖန်တီးပေးပြီး အကူအညီတွေပေးနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *