နာမည်ကြီးတွေ အပါအဝင်(၂)သင်းစာ ချန်လှပ်ခံရတဲ့ ချယ်လ်ဆီးအသင်းရဲ့ လူစာရင်း

0

BBC က တင်ဆက်နေတဲ့ The One Show နဲ့ Match of the Day အစီအစဉ်တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ပြုလုပ်နေတဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ဂျာမိန်းဂျီးနပ်စ်ဟာ လုပ်ငန်းခွင်အတွင်း မလျော်မကန်တဲ့လုပ်ရပ်ပြုလုပ်ခဲ့တာကြောင့် BBCရဲ့အစီအစဉ်တင်ဆက်သူရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။

နယူးကာဆယ်၊ စပါးအသင်းတို့မှာကစားခဲ့ဖူးတဲ့ ဂျီးနပ်စ်ဟာ BBCရုပ်သံမှာ မြင့်မားတဲ့လစာငွေအဖြစ် တစ်နှစ်ပေါင်(၂)သိန်းနီးပါးရရှိနေသူဖြစ်ပြီး ဒီလိုဖြစ်ရပ်ဖြစ်ပွားခဲ့တာက သူ့အတွက် ဂုဏ်သိက္ခာပိုင်းရော၊ ငွေကြေးအရပါ ဆုံးရှုံးမှုများခဲ့ပါတယ်။

အသက်(၄၁)နှစ်အရွယ်ရှိသူ ဂျီးနပ်စ်ဟာ BBC ရုပ်သံက The One Show အစီအစဉ်မှာ ပါဝင်နေတဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးဆီကို မလိုလားအပ်တဲ့မက်ဆေ့ချ်တွေပို့ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

သူ့အပေါ်စွပ်စွဲမှုတွေထွက်ပေါ်လာပြီးနောက်မှာ BBC က ဌာနအတွင်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် သူ့ရဲ့စာချုပ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ BBC က ဂျီးနပ်စ်ကို ရာထူးက ထုတ်ပယ်ခဲ့ရတဲ့အကြောင်းအရင်းကို အတိအကျမထုတ်ပြန်ခဲ့ဘဲ လုပ်ငန်းခွင်အတွင်း မလျော်ကန်တဲ့အပြုအမူကြောင့် ရာထူးကို ရပ်ဆိုင်းလိုက်တယ်လို့ပဲ ဖော်ပြခဲ့ပါတယ်။

ဂျီးနပ်စ်က Talk Sport က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ “ဖြစ်ရပ်တိုင်းမှာ သူ့ဘက်၊ ကိုယ့်ဘက်ပြောစရာတွေရှိတယ်”လို့ဆိုခဲ့ပြီး ဒီဖြစ်ရပ်မှာ သူ့ဘက်က အပြစ်ရှိတယ်ဆိုတာကို လက်မခံတဲ့သဘောထားကကို ပြခဲ့ပါတယ်။

ဒါ့အပြင်ဒီကိစ္စကို သူ့ရှေ့နေတွေက ဆက်လက်ဆောင်ရွက်သွားမယ်လို့ Talk Sport နဲ့ အင်တာဗျူးမှာ ဂျီးနပ်စ်ကဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *