ရာသီသစ်အတွက် ဘာစီလိုနာအသင်း ခေါင်းဆောင်သစ် (၅)ဦး အမည်စာရင်းမှာ လီဝန်ဒေါစကီး မပါဝင်

0

ဘာစီလိုနာအသင်းဟာ အသင်းခေါင်းဆောင်ဟောင်း ဆာဂျီရောဘတ်တိုထွက်ခွာသွာပြီးနောက် ရာသီသစ်အတွက် အသင်းခေါင်းဆောင်သစ်(၅)ဦးအမည်စာရင်းကို ကြေညာခဲ့ရာမှာ တိုက်စစ်မှူး လီဝန်ဒေါစကီး မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

နောက်ခံလူဟောင်း ဆာဂျီရောဘတ်တိုဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ထွက်ခွာသွားတာကြောင့် ဂိုးသမား စတီဂန်ဟာ ပထမအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတော့မှာပါ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက တတိယအသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ နောက်ခံလူ အာရူဟိုကို ဒုအသင်းခေါင်းဆောင်နဲ့ ပြီးခဲ့တဲ့ရာသီက ကလပ်အသင်းရဲ့ဦးဆောင်မှုအစုအဖွဲ့မှာပါဝင်ခဲ့တဲ့ ကွင်းလယ်လူ ဖရန်ကီဒီယွန်းက တတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရပါတယ်။ အသက်(၂၁)နှစ်အရွယ်ရှိ လူငယ်ကြယ်ပွင့် ပက်ဒရီကို ဘာစီလိုနာအသင်းဟာ စတုတ္ထအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပါတယ်။

ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာကို ပဉ္စမအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပါတယ်။ လာလီဂါဟာ ဒီရာသီမှာ ကွင်းအတွင်းရှိဒိုင်လူကြီးတွေနဲ့ အသင်းခေါင်းဆောင်ကိုသာ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ကန့်သတ်ထားတဲ့ စည်းမျဉ်းသစ်တစ်ခုထုတ်ပြန်ထားပါတယ်။

ဘာစီလိုနာအသင်းရဲ့ပထမအသင်းခေါင်းဆောင်ဟာ ဂိုးသမားဖြစ်နေတဲ့အတွက် အာရူဟိုနဲ့ ဖရန်ကီဒီယွန်းတို့ထဲက တစ်ဦးက ဒိုင်လူကြီးတွေနဲ့ ဆွေးနွေးမှုပြုလုပ်ရမယ့် တာဝန်ကို ရယူနိုင်ပါတယ်။

ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းမှာ အတွေ့အကြုံအရှိဆုံးနဲ့ ထိပ်တန်းကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် (၂)နှစ်ဆက်တိုက်အသင်းခေါင်းဆောင်ရာထူးအတွက် လျစ်လျူရှုခ့ခဲ့ရတာပါ။

ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဘာစီလိုနာအသင်းမှာ အတွေ့အကြုံအရှိဆုံးနဲ့ ထိပ်တန်းကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့် (၂)နှစ်ဆက်တိုက်အသင်းခေါင်းဆောင်ရာထူးအတွက် လျစ်လျူရှုခ့ခဲ့ရတာပါ။ လီဝန်ဒေါစကီးဟာ ပိုလန်လက်ရွေးစင်အသင်းမှာ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူနေပြီး ဘာစီလိုနာအသင်းတိုက်စစ်မှာလည်း အဓိကအခန်းကဏ္ဍကနေပါဝင်နေတာကြောင့် ဒီရာသီကလပ်အသင်းရဲ့ခေါင်းဆောင်မှုအစုအဖွဲ့မှာပါဝင်လာဖို့ မျှော်လင့်ခဲ့ကြပေမယ့် မပါဝင်လာခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *