မက်မောလောက်စရာ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ရိုးမားအသင်းမှာ သစ္စာရှိရှိဆက်ရှိနေမယ့် ဒီဘားလား

0

ရိုးမားအသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှူးဒီဘာလားဟာ လက်ရှိရိုးမားအသင်းမှာ ဆက်ကစားဖို့အတွက် မက်မောလောက်စရာကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဒီဘာလားဟာ လက်ရှိ ရိုးမားအသင်းမှာ သူ ရရှိနေတဲ့လစာငွေထက် (၇)ဆနီးပါးလောက်တန်တဲ့ လစာငွေနဲ့ ဆော်ဒီဘောလုံးလောကမှာ လာကစားဖို့ ကမ်းလှမ်းခံခဲ့ရတာဖြစ်ပြီး သူက ဒီ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

ဆော်ဒီကလပ် Al Qadsiah အသင်းက ဒီဘားလားကို (၃)နှစ်သက်တမ်းရှိစာချုပ်အတွက် လစာငွေစုစုပေါင်း ယူရို(၇၅)သန်းနဲ့ ကမ်းလှမ်းခဲ့တဲ့အပြင် ဒီကမ်းလှမ်းမှုကို လက်ခံပြီး ဆော်ဒီမှာ လာကစားရင် အခွန်ကင်းလွတ်ခွင့်ပါရရှိမယ်လို့ အာမခံခဲ့ပါတယ်။

ဒီဘာလားဟာ လက်ရှိရိုးမားအသင်းမှာ တစ်နှစ်လစာငွေ ယူရို(၃.၈)သန်းသာရရှိနေတာကြောင့် ဒီကမ်းလှမ်းမှုက (၇)ဆနီးပါးပိုမိုများပြားနေတာပါ။

ဒါပေမယ့် ဒီဘားလားဟာ ရိုးမားအသင်းမှာပဲ သစ္စာရှိရှိဆက်ကစားဖို့အတွက် ဒီကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒီဘာလားဟာ ရိုးမားအသင်းကို ၂၀၂၂ နွေရာသီမှာ ရောက်ရှိလာပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၇၈)ပွဲ ကစားထားသလို (၃၄)ဂိုးသွင်းယူထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *