လီဗာပူးလ်-ဘရန်ဖိုဒ့်ပွဲမှာ လူစားလဲခံရတဲ့ အာနိုးလ်ရဲ့စိတ်ပျက်မှုကို မိမိနားလည်တယ်လို့ အာနီဆလော့ဆို

0

မနေ့က လီဗာပူးလ်(၂-ဝ) ဘရန်ဖိုဒ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အင်္ဂလန်နောက်ခံလူ အာနိုးလ်ဟာ လူစားလဲခံရပြီးနောက် စိတ်ပျက်နေတာကို သူနားလည်တယ်လို့ လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ပွဲအပြီးမီဒီယာတွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

အာနိုးလ်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၂)မှာ ဘရက်ဒလေနဲ့ လူစားလဲခံရပြီးနောက် အရန်ခုံတန်းပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာပါ။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ကစားသမားတွေဟာ မိနစ်(၉၀)ပြည့်မကစားရရင် ဘာကြောင့် စိတ်ပျက်လဲဆိုတာကို သူနားလည်တယ်လို့ ဆိုခဲ့ပါတယ်။ အာနိုးလ်ဟာ အစ်ဝစ်ခ်ျအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာလည်း လီဗာပူးလ်အသင်းအတွက် ပွဲချိန်ပြည့်မကစားခဲ့ရသလို ဒုတိယမြောက်ပွဲစဉ်မှာလည်း လူစားထပ်ပြီးအလဲခံခဲ့ရတာပါ။

အာနီဆလော့က “အာနိုးလ်ရဲ့စိတ်ပျက်မှုကို ကျွန်တော်နားလည်ပါတယ်။ ကစားသမားတိုင်းက မိနစ်(၉၀)ပြည့်ကစားချင်ကြပါတယ်။ ကျွန်တော်တို့ဟာ သူ့ကို တစ်ရာသီလုံးလိုအပ်တာကြောင့် ဂရုစိုက်ရမှာပါ။ ဘရက်ဒလေရှိတာကလည်း ကျွန်တော်တို့အတွက် ကောင်းမွန်တယ်”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းပရိသတ်တွေကတော့ နည်းပြ အာနီဆလော့နဲ့ နောက်ခံလူ အာနိုးလ်တို့အကြားမှာ အဆင်မပြေဖြစ်မှာကို စိုးရိမ်မှုတွေရှိနေကြတာပါ။ လီဗာပူးလ်နဲ့ အာနိုးလ်ရဲ့စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အခုထိ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခြင်းရှိသေးပါဘူး။ လီဗာပူးလ်အသင်းဟာ နည်းပြသစ် အာနီဆလော့လက်ထက်မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်(၂)ပွဲစလုံးကို ပေးဂိုးမပေးရဘဲ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *