နယူးကာဆယ်နဲ့ပွဲက ဘုန်းမောက်ရဲ့အနိုင်ဂိုးကို ငြင်းပယ်ခဲ့တဲ့ VAR ဆုံးဖြတ်ချက်ကို အီရာအိုလာ ဝေဖန်

0

မနေ့က ဘုန်းမောက်(၁-၁)နယူးကာဆယ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသွင်းအတွက်အနိုင်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဒန်ဂိုရဲ့ထပ်ဆောင်းအချိန်ပိုမှာသွင်းယူတဲ့ ဂိုးကို ခွင့်မပြုခဲ့တဲ့ VAR ရဲ့ဆုံးဖြတ်ချက်ကို ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာက ဝေဖန်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်က ဒန်ဂိုဟာ ဘောလုံးကိုလက်နဲ့ထိခဲ့တယ်လို့ ပြောခဲ့ပေမယ့် အီရာအိုလာကတော့ ဘောလုံးကိုပခုံးနဲ့ ထိခဲ့တယ်လို့ ဆိုခဲ့တာပါ။

ကွင်းလယ်ဒိုင်လူကြီးဟာ ဒီအဖြစ်အပျက်ကို ကွင်းထဲရှိ မော်နီတာကိုသွားရောက်မကြည့်ခဲ့ရဘဲ VAR က သွင်းဂိုးကို ခွင့်မပြုဖို့ ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်အသင်းနည်းပြ အီရာအိုလာက သူတို့ရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ အပေါ် အလွန်စိတ်ပျက်နေတာပါ။

အီရာအိုလာက “ဒိုင်နဲ့ စကားပြောဖို့ သွားခဲ့ပေမယ့် သူကဒီထက်ပိုပြီးမလုပ်နိုင်ဘူးလို့ထင်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော်လုံးဝသဘောမတူပါဘူး။ လက်ထိဘောလား၊ပခုံးနဲ့ထိတဲ့ဂိုးလားဆိုတာ ဗီဒီယိုသာကြည့်လိုက်ပါ။ ကျွန်တော်တို့(၂)မှတ်ဆုံးရှုံးသွားပြီ”လို့ မီဒီယာတွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

နယူးကာဆယ်အသင်းဂန္ထဝင် အလန်ရှီးယားကလည်း အလွန်ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး သူ့ရဲ့အသင်းဟောင်းဟာ ကံကောင်းလို့အမှတ်ရရှိခဲ့တာဖြစ်တယ်လို မှတ်ချက်ပေးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *