ဒေးဗစ်ဘက်ခမ်းနဲ့ မက်ဆီတို့ရဲ့ ဖရီးကစ်မှတ်တမ်းကို လိုက်မှီဖို့ တစ်ဂိုးသာလိုတော့တဲ့ စီရော်နယ်ဒို

0

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းရဲ့ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ မနေ့က ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ် အယ်လ်ဖိုင်ဟာ(၁-၄)အယ်လ်နာဆာပွဲမှာ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြီးနောက် ကစားသမားဘ၀ ဖရီးကစ်သွင်းဂိုးစုစုပေါင်း (၆၄)ဂိုးအထိရှိလာပါတယ်။

စီရော်နယ်ဒိုအနေနဲ့ ကစားသမားဘဝသွင်းဂိုး (၈၉၉)ဂိုးသွင်းယူရာမှာ ဖရီးကစ်ကနေ (၆၄)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဘောလုံးလောကရဲ့ဖရီးကစ်အများဆုံးသွင်းသူစာရင်းမှာ အင်္ဂလန်တောင်ပံကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်၊ သူနဲ့ ခေတ်ပြိုင်ကစားသမား အင်တာမိုင်ယာမီတိုက်စစ်မှူးမက်ဆီတို့ရဲ့ ဖရီးကစ်မှတ်တမ်း(၆၅ ဂိုးစီ)ကိုလိုက်မီဖို့ တစ်ဂိုးသာလိုပါတော့တယ်။

ဒီပွဲမှာ စီရော်နယ်ဒိုဟာ ပွဲချိန်(၄၅+၁၀)မိနစ်မှာ အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ပယ်နယ်တီစည်းရှေ့မှာ ရရှိတဲ့ ဖရီးကစ်ကနေ သွင်းယူပေးနိုင်ခဲ့တာပါ။

ဘောလုံးသမိုင်းမှာ မှတ်တမ်းတွေအရ ဖရီးကစ်အများဆုံးကန်သွင်းတဲ့ကစားသမားအဖြစ် ဦးဆောင်နေသူက ဘရာဇီးလ်ကွင်းလယ်လူ ဂျူနင်ဟိုဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် ဖရီးကစ်ဂိုး (၇၇)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယနေရာမှာ နာမည်ကျော်ဘောလုံးဂန္ထဝင် ပီလီက (၇၀)ဂိုး၊ တတိယနေရာမှာ အာဂျင်တီးနားကွင်းလယ်လူဟောင်းလီဂရော့တာဂလီနဲ့ ဘရာဇီးလ်ဘောလုံးသမားဟောင်း ရော်နယ်လ်ဒင်ဟိုတို့က (၆၆)ဂိုးစီနဲ့ ပူးတွဲရှိနေပါတယ်။

ဒီကစားသမားတွေနောက်မှာ ဒေးဗစ်ဘက်ခမ်နဲ့ မက်ဆီတို့က (၆၅)ဂိုးစီနဲ့ ရှိနေပြီး အခု စီရော်နယ်ဒိုက သူတို့ရဲ့မှတ်တမ်းကို လိုက်မီဖို့ တစ်ဂိုးသာလိုအပ်တော့တာပါ။

ကစားသမားဘ၀ ဖရီးကစ် (၆၄)ဂိုးသွင်းထားတဲ့ စီရော်နယ်ဒိုရဲ့နောက်မှာ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာနဲ့ဘရာဇီးလ်ဂန္ထဝင် ဇီကိုတို့က (၆၂)ဂိုးစီနဲ့ ရပ်တည်နေပါတယ်။

စီရော်နယ်ဒိုအနေနဲ့ ကစားသမားဘဝအဆုံးမသတ်ခင် ဖရီးကစ်တွေ ထပ်မံသွင်းယူပြီး အင်တာမိုင်ယာမီအသင်းပိုင်ရှင်/ကစားသမားအတွဲကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *