ပြီးခဲ့တဲ့(၂)နှစ်အတွင်း အင်္ဂလန်မှာ မန်စီးတီးပြီးရင် မိမိတို့ဖလားအများဆုံးဆိုပြီး ဆိုးလ်ရှားကို တုံ့ပြန်ခဲ့တဲ့ တန်ဟတ်

0

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့(၂)နှစ်အတွင်း အင်္ဂလန်မှာ မန်စီးတီးအသင်းပြီးရင် ဆုဖလားအများဆုံးရယူထားတဲ့အသင်းဖြစ်တယ်လို့ ဆိုခဲ့ပြီး နည်းပြဟောင်း ဆိုးလ်ရှားရဲ့ဝေဖန်မှုကို တုံ့ပြန်ခဲ့ပါတယ်။

ဆိုးလ်ရှားက မန်ယူနိုက်တက်အသင်းအနေနဲ့ တိုးတက်မှုရှိမလာဘူးဆိုတာ အမှတ်ပေးဇယားရပ်တည်မှုတွေက သက်သေခံနေတယ်လို့ ဝေဖန်ခဲ့တာကို တန်ဟတ်က မီဒီယာတွေဆီကတစ်ဆင့် တုံ့ပြန်ခဲ့တာပါ။

ဆိုးလ်ရှားကိုင်တွယ်စဉ်အချိန်က မန်ယူနိုက်တက်အသင်းအနေနဲ့ ဘာဆုဖလားတစ်လုံးမှ မရရှိခဲ့တာကို ရည်ညွှန်းပြီး တန်ဟတ်က ထိထိမိမိတုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ မန်ယူနိုက်တက်အသင်းကို ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ရလဒ်တွေဆိုးရွားမှုကြောင့် ၂၀၁၁ နိုဝင်ဘာလမှာ အသင်းနဲ့ လမ်းခွဲခဲ့ရသူဖြစ်ပါတယ်။ သူ့လက်ထက်မှာ မန်ယူနိုက်တက်အသင်းဟာ ၂၀၂၁ ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲတက်နိုင်ပေမယ့် ဗီလာရီးရဲလ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့(၂)နှစ်အတွင်း မန်ယူနိုက်တက်အသင်းဟာ တန်ဟတ်လက်အောက်မှာ အဓိက ဆုဖလားတွေအဖြစ် လိဂ်ဖလား(၁)လုံးနဲ့ အက်ဖ်အေဖလား(၁)လုံးဆွတ်ခူးခဲ့ပါတယ်။

ဒီကာလအတွင်း မန်စီးတီးအသင်းက အဓိကဆုဖလား(၆)လုံးဆွတ်ခူးခဲ့ပြီး ကျန်အင်္ဂလန်ကလပ်တွေထဲက အဓိကဆုဖလားဆွတ်ခူးတာ ဝက်စ်ဟမ်း(၂၀၂၃ ယူရိုပါကွန်းဖရန့်လိဂ်ဖလားတစ်လုံး)၊ လီဗာပူးလ်(၂၀၂၄ လိဂ်ဖလားတစ်လုံး)တို့သာရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *