အိမ်ထောင်ရေးပြိုကွဲမှုရဲ့နောက်ဆက်တွဲဖြစ်ခဲ့တဲ့ ထရစ်ပီယာရဲ့ နိုင်ငံတကာကစားသမားဘ၀ အဆုံးသတ်မှု

0

နယူးကာဆယ်နောက်ခံလူကီယာရန်ထရစ်ပီယာ(၃၃ နှစ်)အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကနေ ရုတ်တရက်အနားယူခဲ့တာက သူ့ရဲ့အိမ်ထောင်ရေးပြိုကွဲမှုရဲ့နောက်ဆက်တွဲဖြစ်တယ်လို့ နီးစပ်သူတွေက ပြောခဲ့ကြပါတယ်။

ထရစ်ပီယာဟာ သူနဲ့ လက်ထပ်ထားတာ(၈)နှစ်သက်တမ်းရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူချားလော့တီနဲ့ မကြာသေးမီကမှ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ ချားလော့တီနဲ့ ထရစ်ပီယာတို့ဟာ အသက်ငယ်ရွယ်စဉ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး ၂၀၁၆ ခုနှစ်မှာမှ ဆိုက်ပရပ်စ်နိုင်ငံမှာ လက်ထပ်ပွဲအခမ်းအနားကျင်းပပြီး အိမ်ထောင်တစ်ခုကို တည်ထောင်ခဲ့ကြတာပါ။

၂၀၁၆ ခုနှစ်အတွင်းမှာပဲ သူတို့ရဲ့ပထမဆုံးရင်သွေးအဖြစ် သားဖြစ်သူကို မွေးဖွားခဲ့ပြီး၊ ၂၀၁၉ ခုနှစ်ထဲမှာ ဒုတိယရင်သွေးအဖြစ် သမီးဖြစ်သူကို မွေးဖွားခဲ့ပါတယ်။

မိသားစုနဲ့အတူတွေ့ရတဲ့ ထရစ်ပီယာ

သူတို့ရဲ့အိမ်ထောင်ရေး ပြတ်စဲခြင်းရဲ့အဓိကအကြောင်းအရင်းကို မသိရသေးပေမယ့် ထရစ်ပီယာအနေနဲ့ အခုအချိန်မှာ အိမ်ထောင်ရေးပြိုကွဲမှုဖိအားတွေ ရှိနေကြောင်း သူတို့မိသားစုနဲ့ နီးစပ်သူတစ်ဦးက Daily Mail သတင်းစာကို ပြောခဲ့ပါတယ်။

လက်ရှိအချိန်က သူ့အတွက် ဖိအားတွေများနေချိန်ဖြစ်ပြီး ဒီလိုအချိန်မျိုးမှာ လက်ရွေးစင်အသင်းမှာ ကစားရတာလည်း ဖိအားတစ်ခုလိုဖြစ်နေကြောင်း၊ ပရီးမီးယားလိဂ်ကစားသမားတစ်ဦးအနေနဲ့ ဖိအားတွေရှိနေချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ မီဒီယာတွေရဲ့အာရုံစိုက်မှုကိုထပ်ပြီး မခံချင်တော့ကြောင်း၊ ဒါကြောင့် နိုင်ငံတကာကစားသမားဘဝက အနားယူခဲ့တာဖြစ်ကြောင်း ဒီနီးစပ်သူက Daily Mail သတင်းစာကို ပြောခဲ့ပါတယ်။

ထရစ်ပီယာဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၂၀၀၇ ခုနှစ်ကစပြီး နိုင်ငံတကာပွဲ(၅၄)ပွဲကစားခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *