၁.၉.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ နာပိုလီအသင်းဟာ တိုက်စစ်မှူး အိုစီမန်ကို ကလပ်အသင်းလူစာရင်းမှာ ပြန်လည်ထည့်သွင်းဖို့ အစီအစဉ်မရှိဘူးလို့အတည်ပြုခဲ့ပါတယ်။ အဲ့ဒါကြောင့် အိုစီမန်အနေနဲ့ နွေရာသီအပြောင်းအရွှေ့ဖွင့်နေဆဲဖြစ်တဲ့ နိုင်ငံက ကလပ်အသင်းတွေထံမပြောင်းရင် ဇန်နဝါရီအထိ နာပိုလီအသင်းအတွက် ပါဝင်ကစားရမှာမဟုတ်ဘူးလို့သိရပါတယ်။

■ မန်ယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံလူ လုပ်ခ်ရှောရဲ့နေရာကို ရေရှည်အစားထိုးဖို့အတွက် ဖူလ်ဟမ်အသင်းဘယ်နောက်ခံလူ ရော်ဘင်ဆန်ကို ပစ်မှတ်ထားနေပါတယ်။ လုပ်ခ်ရှောဟာ ဒဏ်ရာတွေကြောင့် ရုန်းကန်နေရတဲ့အတွက် မန်ယူနိုက်တက်အသင်းဟာ ရော်ဘင်ဆန်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပြီး ပေါင်သန်း(၃၀)ဝန်းကျင်သုံးစွဲရဖွယ်ရှိနေတာဖြစ်ပါတယ်။

■ အင်္ဂလန်နောက်ခံလူဟောင်း စမောလင်းဟာ ဆော်ဒီကလပ် Al-Fahya အသင်းထံ (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသွားခဲ့ပါတယ်။ စမောလင်းဟာ ရိုးမားအသင်းမှာ (၅)ရာသီကြာ ပွဲပေါင်း(၁၅၅)ပွဲပါဝင်ကစားခဲ့ပြီး (၁၀)ဂိုးသွင်းယူကာ ယူရိုပါကွန်းဖရန့်လိဂ်ဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

■ အင်္ဂလန်ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ဟာ နည်းပြမော်ရင်ဟိုကိုင်တွယ်နေတဲ့ ဖီနာဘာချီအသင်းရဲ့အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခြင်းခံထားရတယ်လို့ သိရပါတယ်။ ဘင်ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာရဲ့အစီအစဉ်မှာ ပါဝင်ခြင်းမရှိဘူးလို့ပြောဆိုခြင်းခံထားရတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

■ ပြင်သစ်နောက်ခံလူဟောင်း ဗာရန်းဟာ စီးရီးအေကလပ် ကိုမိုအသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကိုဖျက်သိမ်းဖွယ်ရှိနေပါတယ်။ ဗာရန်းဟာ ကိုမိုအသင်းရဲ့စီးရီးအေလူစာရင်းမှာ ချန်လှပ်ခံရပြီးနောက် သူ့ရဲ့အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

■ ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းဟာ မန်ယူနိုက်တက်အသင်းကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အဲရစ်ဆင်ဟာ ဒီရာသီ မန်ယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ မသေချာတာကြောင့် ထွက်ခွာချင်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *