ကြွက်သားဒဏ်ရာကြောင့် ဘရာဇီးလ်လေ့ကျင့်ရေးစခန်းကနေ မီလီတာအို ထွက်ခွာ

0

ရီးရဲလ်မက်ဒရစ်အသင်းနောက်ခံလူ မီလီတာအိုဟာ ကြွက်သားဒဏ်ရာကြောင့် အီကွေဒေါ၊ပါရာဂွေးအသင်းတို့နဲ့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေမတိုင်ခင် ဘရာဇီးလ်အသင်းလေ့ကျင့်ရေးစခန်းကနေ ထွက်ခွာခဲ့တယ်လို့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က ထုတ်ပြန်ခဲ့ပါတယ်။

မီလီတာအိုရဲ့ဒဏ်ရာဟာ ဘရာဇီးလ်အသင်းအတွက်ရော ရီးရဲလ်မက်ဒရစ်အသင်းအတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့တာပါ။

မီလီတာအိုဟာ ဒဏ်ရာကြောင့် ဘရာဇီးလ်အသင်းရဲ့ဒီခြေစစ်ပွဲ(၂)ပွဲစလုံးကို ပါဝင်နိုင်ခြင်းမရှိတော့တာ ဖြစ်ပါတယ်။ မီလီတာအိုဟာ ပြီးခဲ့တဲ့ရာသီကလည်း အရွတ်စုတ်ပြဲဒဏ်ရာကြောင့် ပွဲအများစုကို လွဲချော်ခဲ့ပြီး ရာသီကုန်ခါနီးမှ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြန်လည်ပါဝင်နိုင်ခဲ့တာပါ။ မီလီတာအိုရဲ့ဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီအစပိုင်းမှာ ကစားသမားအများအပြား ဒဏ်ရာရရှိနေတာကို ကြုံတွေ့နေရတာဖြစ်ပါတယ်။

ကွင်းလယ်ချူအာမန်နီနဲ့ နောက်ခံလူ ဖာလန်းမန်ဒီတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်းက ဘက်တစ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် Nations League ပွဲစဉ်တွေယှဉ်ပြိုင်မယ့် ပြင်သစ်အသင်းလူစာရင်းကနေ ထွက်ခွာခဲ့တာပါ။ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ကာမာဗင်ဂါ၊ဘယ်လင်ဂမ်နဲ့ ဆီဘယ်လော့စ်တို့ကလည်း ဒဏ်ရာတွေကြောင့် အနားယူနေရပြီး နောက်ခံလူ အလာဘာဟာ ပြီးခဲ့တဲ့ရာသီက အရွတ်ဒဏ်ရာရရှိခဲ့တာကို ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

အဲ့ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေအပြီး ပြန်ကစားမယ့် ဆိုစီဒက်အသင်းနဲ့ပွဲကို အဓိက ကစားသမားအများအပြားမပါဝင်ဘဲ ယှဉ်ပြိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *