ပြင်သစ်-အီတလီပွဲမှာ ကာလာဖီအိုရီ ဒဏ်ရာရခဲ့တာကြောင့် အာဆင်နယ်အသင်းစိုးရိမ်စရာဖြစ်နေ

0

မနေ့က ပြင်သစ်(၁-၃)အီတလီ Nations League ပွဲမှာ အီတလီနောက်ခံလူ ကာလာဖီအိုရီ ဒဏ်ရာရခဲ့တာကြောင့် အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့ စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလက ဘိုလော့ဂ်နာအသင်းကနေ ပေါင်(၄၂)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ကာလာဖီအိုရီဟာ ဒီပွဲစဉ်မှာ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီနဲ့ ထိခိုက်မိပြီး ခြေချင်းဝတ်ဒဏ်ရာရရှိသွားခဲ့တာပါ။

ကာလာဖီအိုရီဟာ ဒဏ်ရာကြောင့် ပွဲချိန်(၇၁)မိနစ်မှာ လူစားလဲမှုပြုလုပ်ခံခဲ့ရတာဖြစ်ပါတယ်။ ကာလာဖီအိုရီဟာ ဒဏ်ရာရရှိနေချိန်မှာ အလွန်နာကျင်မှုကို ခံစားနေရတဲ့ မြင်ကွင်းတွေကြောင့် အာဆင်နယ်အသင်းအတွက် စိုးရိမ်စရာဖြစ်မယ်ဆိုတာ သေချာနေတာပါ။ ဒါပေမယ့် အီတလီအသင်းနည်းပြ စပယ်လက်တီက ကာလာဖီအိုရီရဲ့ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေကို ဖြေလျှော့ပေးခဲ့ကာ သူဟာ လာမယ့်အစ္စရေးအသင်းနဲ့ ပွဲမှာ ပါဝင်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

စပယ်လက်တီက “ကျွန်တော်တို့ဟာ သူ့ရဲ့အခြေအနေကို အကဲဖြတ်မှုပြုလုပ်ဖို့လိုအပ်ပေမယ့် သူဟာ လာမယ့်ပွဲမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးကောင်းရှိပါတယ်”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန် ဆိုခဲ့တာပါ။

ကာလာဖီအိုရီဟာ ဒီရာသီအာဆင်နယ်အသင်းအတွက် အက်စတွန်ဗီလာနဲ့ ဘရိုက်တန်အသင်းတို့ပွဲတွေမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ စက်တင်ဘာနိုင်ငံတကာပွဲစဉ်အပြီးမှာ စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲမှာ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ ပွဲပယ်ကြောင့် ပါဝင်နိုင်မှာမဟုတ်သလို ကစားသမားသစ် မယ်ရီနိုကလည်း ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်လို့ ကာလာဖီအိုရီရဲ့ဒဏ်ရာအခြေအနေဟာ အာဆင်နယ်အသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *