၂၀၂၄ ခုနှစ်မှာ ဂိုးဖန်တီးမှုမာစတာ ဒီဘရိုင်းနားထက် ပိုသာတဲ့ စွမ်းဆောင်ရည်နဲ့ လာမင်းယာမားလ်

0

ဘောလုံးလောကရဲ့ ဂိုးဖန်တီးမှု မာစတာတွေထဲမှာ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားက ထိပ်ပိုင်းက ပါဝင်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံး(All Time)ကစားသမားစာရင်းမှာ ဒီဘရိုင်းနားက ရိုင်ယန်ဂစ်(၁၆၃ ကြိမ်)နောက် ဒုတိယနေရာမှာ (၁၁၃)ကြိမ်နဲ့ ရပ်တည်နေတာပါ။

ဒီလို ဂိုးဖန်တီးမှုမာစတာအဖြစ် နာမည်ကြီးတဲ့ကစားသမားကို အခုနှစ်အတွင်း ပြိုင်ပွဲစုံဂိုးဖန်တီးမှုမှာ နှိုင်းယှဉ်ရင် ကစားသမားတစ်ဦးက အသာရနေပါတယ်။

သူကတော့ အခုမှ အသက်(၁၇)နှစ်ပြည့်တာတောင် တစ်လမပြည့်သေးတဲ့ စပိန်တောင်ပံကစားသမားလာမင်းယာမားလ်ဖြစ်ပါတယ်။

စပိန်လက်ရွေးစင်အသင်းနဲ့ ဘာစီလိုနာအသင်းမှာ အသင်းဖော်တွေ ဂိုးသွင်းယူနိုင်ဖို့ ဒီနှစ်အတွင်း ယာမားလ် ဖန်တီးထားတဲ့ဂိုးစုစုပေါင်းက (၁၉)ဂိုးအထိ ရှိနေပါတယ်။

ယာမားလ်ရဲ့ဂိုးဖန်တီးမှုအရေအတွက်က ဒီနှစ်ထဲမှာ ဒီဘရိုင်းနားပြုလုပ်ထားတဲ့ ဂိုးဖန်တီးမှုထက် (၁)ကြိမ်ပိုများပါတယ်။

ဒီဘရိုင်းနားက ၂၀၂၄ ခုနှစ်အတွင်း ဂိုးဖန်တီးမှု(၁၈)ကြိမ်သာရှိပြီး သူတို့နှစ်ဦးနောက်မှာ လေဗာကူဆင်တောင်ပံကစားသမား ဂရီမယ်လ်ဒို(၁၅ ဂိုး)၊ ရီးရဲလ်မက်ဒရစ်အသင်းရဲ့တိုက်စစ်မှူးဘာပေ(၁၄ ကြိမ်)၊ ဘီလ်ဘာအိုအသင်းရဲ့တောင်ပံကစားသမားနီကိုဝီလီယံ(၁၄ ကြိမ်)တို့ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *