ပရီးမီးယားလိဂ်အသင်းသစ်တွေမှာ ကစားသမားသစ်တွေပွဲဦးထွက်ကစားကြမယ့် ရက်သတ္တပတ်

0

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလ ပိတ်သိမ်းပြီး ရက်ပိုင်းအကြာမှာပဲ နိုင်ငံတကာရက်သတ္တပတ်ဝင်လာခဲ့တာကြောင့် ကလပ်အသင်းတချို့အနေနဲ့ အပြောင်းအရွှေ့ကာလ Deadline ရက်မတိုင်မီ သူတို့ ခေါ်ယူထားတဲ့ကစားသမားတွေကို အသင်းမှာ အသုံးပြုဖို့ အခက်အခဲရှိခဲ့ပါတယ်။

နိုင်ငံတကာရက်သတ္တပတ်အပြီး ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၄)မှာ ပရိသတ်တွေအနေနဲ့ အသင်းသစ်တွေမှာ အသီးသီးကစားကြမယ့် ကစားသမားသစ်များစွာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီကစားသမားတွေထဲမှာ စတာလင်(အာဆင်နယ်)၊ ဆန်ချို(ချယ်လ်ဆီး)၊ ချီယေဆာ(လီဗာပူးလ်)၊ အူဂါတေး(မန်ယူနိုက်တက်)အစရှိတဲ့ အသင်းကြီးတွေမှာ ပွဲဦးထွက်ပွဲကို ကစားရမယ့် ကစားသမားတွေလည်း ပါဝင်နေပါတယ်။

ဒါ့အပြင် အန်ကယ်တီယာ(ခရစ္စတယ်ပဲလေ့စ်)၊ ဝက်ပရောက်စ်(နော်တင်ဂမ်ဖောရက်စ်)၊ ဆိုလာ(ဝက်စ်ဟမ်း)၊ ကာဒီယိုဂလူး(ဘရိုက်တန်)အစရှိတဲ့ ကစားသမားတွေရဲ့အသင်းသစ် စာမျက်နှာအဖွင့်ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ကစားသမားတချို့အနေနဲ့ အသင်းသစ်နဲ့ပွဲဦးထွက်ပွဲမှာ ခြေစွမ်းပြနိုင်ကြတာကြောင့် ဒီကစားသမားတွေထဲက ဘယ်သူတွေ အဖွင့်လှမလဲဆိုတာ ကြည့်ရမှာပါ။

နွေရာသီအပြောင်းအရွှေ့ကာလအပြီး ပရီးမီးယားလိဂ်စာရင်းဇယားတွေအရ ဒီရာသီမှာ ကစားသမားစုစုပေါင်း (၅၂၉)ဦးရှိပြီး ဒီအထဲက (၃၅၄)ဦးဟာ နိုင်ငံခြားသားကစားသမားတွေဖြစ်ပါတယ်။

ဒါကြောင့် ကစားသမားအားလုံးရဲ့(၆၆.၉%)ဟာ နိုင်ငံခြားသား ကစားသမားတွေဖြစ်ကြပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုလုံးရဲ့တန်ဖိုးကို ပေါင်(၁၁.၅၆)ဘီလီယံအဖြစ် သတ်မှတ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *