လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းကိုကျော်ပြီး မန်စီးတီးအသင်း ရေပန်းအစားဆုံးချန်ပီယံလိဂ်

0

ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံရေပန်းစားမှုစာရင်းမှာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းက ဦးဆောင်နေပါတယ်။

မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ကြိမ်သာ ဗိုလ်စွဲဖူးပေမယ့် ချန်ပီယံဆု (၁၅)ကြိမ်ရ ချန်ပီယံရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးက ရေပန်းစားနေတာပါ။

Opta ရဲ့စူပါကွန်ပြူတာတွက်ချက်မှုအရ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်း
(၂၄.၉%)နဲ့ ရေပန်းစားမှုကို ဦးဆောင်နေတာဖြစ်ပြီးနောက်မှာ ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းက (၁၇.၈%)နဲ့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းဟာ ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရတာပါ။

ပြီးခဲ့တဲ့ရာသီတွေအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းဟာ အခုလိုပဲ ထိပ်သီးအသင်းတွေကိုကျော်ဖြတ်ပြီး အကြိမ်ကြိမ်ရေပန်းစားခဲ့ပေမယ့် ၂၀၂၂- ၂၃ ရာသီ တစ်ရာသီမှာသာ ဗိုလ်စွဲခဲ့တာပါ။

ဒါကြောင့် ဒီရာသီမှာရော မန်စီးတီးအသင်းအနေနဲ့ ရေပန်းစားတဲ့အတိုင်း ချန်ပီယံလိဂ်ချန်ပီယံဆုကို ဒုတိယအကြိမ်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ နောက်မှာ အင်တာမီလန်(၁၀.၇%)၊ အာဆင်နယ်(၆.၃%)၊ ဘာစီလိုနာ(၆.ဝ%)တို့ အသီးသီးရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *