အင်္ဂလန်လက်ရွေးစင်အတွက် ပွဲရာပြည့်တဲ့ (၁၀)ဦးမြောက် ကစားသမား ဟာရီကိန်း

0

မနေ့ညက ကစားခဲ့တဲ့ UEFA Nations League ပွဲစဉ် အင်္ဂလန်(၂-ဝ)ဖင်လန်ပွဲမှာ ပါဝင်ကစားခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းဟာ အင်္ဂလန်အသင်းသမိုင်းတစ်လျှောက် ပွဲ(၁၀၀)ပြည့်ကစားတဲ့ (၁၀)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဟာရီကိန်းဟာ ၂၀၁၅ ခုနှစ်ကတည်းက အင်္ဂလန်လက်ရွေးစင်အသင်းမှာ စတင်ကစားခဲ့တာဖြစ်ပြီး လက်ရွေးစင်ကစားသမားဘဝ(၉)နှစ်ပြည့်ချိန်မှာ ရာပြည့်မှတ်တမ်းကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်မှာ ဟာရီကိန်းကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ရွှေဝါရောင်အဆင်းရှိတဲ့ ရာပြည့်အထိမ်းအမှတ်ဦးထုပ်ကို အမှတ်တရလက်ဆောင်ပေးခဲ့ပါတယ်။

အင်္ဂလန်အသင်းမှာ ပီတာရှီလ်တန်(၁၂၅ ပွဲ)၊ ဝိန်းရွန်နီ(၁၂၀)ပွဲ၊ ဒေးဗစ်ဘက်ခမ်(၁၁၅ ပွဲ)၊ စတီဖင်ဂျရတ်(၁၁၄ ပွဲ)၊ ဘော်ဘီမိုး(၁၀၈ ပွဲ)၊ အက်ရှ်လေကိုးလ်(၁၀၇ ပွဲ)၊ ဘော်ဘီချာလ်တန်(၁၀၆ ပွဲ)၊ လမ်းပတ်(၁၀၆ ပွဲ)၊ ဘီလီရိုက်(၁၀၅ ပွဲ)တို့က ပွဲရာပြည့်ကစားသမားတွေအဖြစ် မှတ်တမ်းဝင်ခဲ့ကြပြီး အခု ဟာရီကိန်းက (၁၀)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ဟာရီကိန်းဟာ ဖင်လန်နဲ့ပွဲမှာ အနိုင်ဂိုး(၂)ဂိုးစလုံးကိုလည်း သွင်းယူနိုင်ခဲ့ပြီး အင်္ဂလန်အသင်းအတွက် ပွဲ(၁၀၀)ပြည့်ပွဲမှာ ဂိုးသွင်းနိုင်တဲ့ တတိယမြောက်ကစားသမားဖြစ်လာပါတယ်။အရင်က အင်္ဂလန်အသင်းအတွက် ရာပြည့်ပွဲကစားချိန်မှာ ဂိုးသွင်းနိုင်ခဲ့ကြသူတွေက ဘော်ဘီချာလ်တန်နဲ့ ဝိန်းရွန်နီတို့ ဖြစ်ပါတယ်။

ဘော်ဘီချာလ်တန်က ၁၉၇၀ ခုနှစ်တုန်းက မြောက်အိုင်ယာလန်နဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပြီး ရွန်နီက ၂၀၁၄ ခုနှစ်မှာ ဆလိုဗေးနီးယားနဲ့ပွဲမှာ သွင်းယူခဲ့တာပါ။

ဟာရီကိန်းဟာ အင်္ဂလန်အသင်းအတွက် (၆၈)ဂိုးရှိပြီဖြစ်ပြီး ဝင်ဘလေကွင်းမှာ (၃၅)ပွဲကစားရာမှာ (၂၇)ဂိုးအထိသွင်းယူပေးနိုင်ခဲ့တာပါ။ ဟာရီကိန်းဟာ အင်္ဂလန်အသင်းအတွက် ဂိုးအများဆုံးသွင်းတဲ့ ကစားသမားအဖြစ်သာမက ဝင်ဘလေကွင်းမှာ ဂိုးအများဆုံးသွင်းတဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *