မိသားစုမိတ်ဆွေတစ်ဦး သေဆုံးမှုကြောင့် မန်စီးတီး-ဘရန်ဖိုဒ့်ပွဲကို ဟာလန်း လွဲချော်ဖွယ်ရှိ

0

နော်ဝေတိုက်စစ်မှူးဟာလန်းဟာ ရင်းနှီးတဲ့မိသားစုမိတ်ဆွေတစ်ဦးသေဆုံးမှုကြောင့် မန်စီးတီး-ဘရန်ဖိုဒ့် ပရီးမီးယားလိဂ်ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။ ဟာလန်းသာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲကို မပါဝင်ချင်ဘူးဆိုရင် မန်စီးတီးအသင်းက သူ့ကို မပါဝင်ဖို့ခွင့်ပြုထားတယ်လို့သိရတာပါ။

အိုင်ဗာအက်ဂ်ဂျီယာဆိုသူ သေဆုံးပြီးနောက် ဟာလန်းဟာ ဘရန်ဖိုဒ့်အသင်းနဲ့ပွဲစဉ်ကို ပါဝင်ဖွယ်ရှိ၊မရှိနဲ့ ပတ်သက်ပြီး အတည်ပြုခြင်းမရှိသေးတာဖြစ်ပါတယ်။ ဟာလန်းဟာ ကြာသပတေးနေ့က မန်စီးတီးအသင်းနဲ့လေ့ကျင့်မှုတွေပြုလုပ်ခဲ့တာကြောင့် ဘရန်ဖိုဒ့်အသင်းနဲ့ပွဲစဉ်ကို ပါဝင်ကစားဖို့ဆုံးဖြတ်နိုင်တာပါ။ အိုင်ဗာအက်ဂျီယာဟာ ဆယ်စုနှစ်များစွာကြာခင်မင်ရင်းနှီးခဲ့တဲ့ ဟာလန်းရဲ့ဖခင်မင်္ဂလာဆောင်မှာ အကောင်းဆုံးအမျိုးသားဖြစ်ခဲ့ပြီး ဟာလန်းက သူ ဦးလေးလို့ခေါ်ဆိုတာဖြစ်ပါတယ်။

အိုင်ဗာအက်ဂ်ဂျီယာ ကွယ်လွန်ပြီးနောက် ဟာလန်းကသူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဝမ်းနည်းကြောင်းကို ဖော်ပြခဲ့ပါတယ်။ အိုင်ဗာအက်ဂ်ဂျီယာဟာ ၂၀၂၂ က အီးတီဟတ်ကွင်းမှာ ဟာလန်းရဲ့မိတ်ဆက်ပွဲကို တက်ရောက်ခဲ့ပြီး မနှစ်က Ballon d’Or ဆုပေးပွဲအခမ်းအနားကိုလည်း အတူတူတက်ရောက်ခဲ့ကြတာပါ။ ဟာလန်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြသနေပြီး (၃)ပွဲကစားထားရာမှာ ဟက်ထရစ်(၂)ကြိမ်အပါအဝင် သွင်းဂိုး(၇)ဂိုးအထိ သွင်းယူထားပါတယ်။

ဒါ့အပြင် ဟာလန်းဟာ နော်ဝေအသင်းက သြစတြီးယားအသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ UEFA Nations League ပွဲစဉ်မှာ နော်ဝေအသင်းအတွက်အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။ မန်စီးတီးအသင်းကတော့ ရာသီအစပရီးမီးယားလိဂ်(၃)ပွဲစလုံးရာနှုန်းပြည့်နိုင်ပွဲရယူထားပြီး ဘရန်ဖိုဒ့်အသင်းနဲ့ပွဲစဉ်မှာပါ နိုင်ပွဲရယူကာ ရာနှုန်းပြည့်နိုင်ပွဲနိုင်ပွဲစံချိန်ကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *