မန်ယူနိုက်တက် ဂန္ထဝင်တွေက အနိုင်ကျင့်နေတယ်လို့ တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့် ခံစားနေရ

0

မန်ယူနိုက်တက်ကြယ်ပွင့် ရပ်ရှ်ဖိုဒ့်က သူ့ကို ကလပ်အသင်းဂန္ထဝင်တွေက မီဒီယာတွေမှာ ဝေဖန်မှုတွေပြုလုပ်တာက အနိုင်ကျင့်တာနဲ့ မျှတမှုမရှိဘူးဆိုပြီး ခံစားနေရပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ပုံစံကောင်းတွေပျောက်ဆုံးနေပြီး မနှစ်ကရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၇)ဂိုးသာသွင်းယူနိုင်ခဲ့သလို ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးရယူနိုင်ခြင်းမရှိသေးတာပါ။

ရပ်ရှ်ဖိုဒ့်က လက်ရှိအချိန်မှာ သူရရှိနေတဲ့ဝေဖန်မှုတွေဟာ အသင်းဖော်တွေနဲ့ကွဲပြားနေတယ်လို့ခံစားနေရတာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မန်ယူနိုက်တက်အသင်းကစားသမားဟောင်းတွေ ပြောတာကို ယုံကြည်တဲ့အတွက် ရပ်ရှ်ဖိုဒ့်ကို ပိုပြီးဆိုးရွားစွာခံစားစေမိတယ်လို့ သတင်းရင်းမြစ်တစ်ခုက i ကို ပြောခဲ့တာပါ။ ရပ်ရှ်ဖိုဒ့်ကို မကြာသေးခင်ကဝေဖန်မှုတွေပြုလုပ်ခဲ့တဲ့ ဘောလုံးပွဲသုံးသပ်သူတွေထဲမှာ မန်ယူနိုက်တက်အသင်းကစားသမားဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်၊ရွိုင်ကိန်းနဲ့ ရှရင်ဂမ်တို့ပါဝင်ကြတာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းပရိသတ်တွေကလည်း သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ရပ်ရှ်ဖိုဒ့်ကို မကြာခဏဆိုသလို ဝေဖန်မှုတွေပြုလုပ်ကြတာပါ။ ရပ်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေကစားတဲ့အချိန်မှာ လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ပြီး သူ့ရဲ့အကောင်းဆုံးပုံစံတွေကို ပြသနိုင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရပေမယ့် မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က သူ့ကိုထောက်ခံမှုအပြည့်ပေးထားတာပါ။

ရပ်ရှ်ဖိုဒ့်ဟာ အင်္ဂလန်အသင်းအတွက်ပွဲပေါင်း(၆၀)ပါဝင်ကစားထားပေမယ့် ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့ချန်လှပ်ခြင်းကိုခံခဲ့ရသလို ယာယီနည်းပြ လီကာစလေရဲ့ပထမဆုံးရွေးချယ်မှုမှာလည်း ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *