လက်ရှိချန်ပီယံအသင်းဘက်ကို အမြန်ဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ ဝစ်ဆာ

0

.
ဒီနေ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄) မန်စီးတီး-ဘရန်ဖို့ဒ်ပွဲမှာ အိမ်ရှင်မန်စီးတီးအသင်းဘက်ကို ဘရန့်ဖို့ဒ်တောင်ပံတိုက်စစ်ကစားသမား ဝစ်ဆာသွင်းယူခဲ့တဲ့အဖွင့်ဂိုးဟာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းကို ပြိုင်ဘက်အသင်းက အမြန်ဆုံးသွင်းယူနိုင်တဲ့ဂိုးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

DR ကွန်ဂိုလက်ရွေးစင်တောင်ပံကစားသမား ဝစ်ဆာဟာ ပွဲအစ (၂၂)စက္ကန့်မှာပဲ မန်စီးတီးအသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ် စံချိန်တင်ထားတာကတော့ ၂၀၁၈-၁၉ ရာသီက ဝက်ဖို့ဒ်-ဆောက်သမ်တန်ပွဲမှာ ဆောက်သမ်တန်တိုက်စစ်မှူးရှိန်းလောင်းသွင်းယူခဲ့တဲ့ဂိုးဖြစ်ပါတယ်။

ရှိန်းလောင်းဟာ ပွဲစပြီး (၈)စက္ကန့် မပြည့်ခင်(တိတိကျကျဆိုရရင် ၇.၆၉ စက္ကန့်မှာ) ဝက်ဖို့ဒ်အသင်းဘက်ကို ဂိုးသွင်းယူခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *