ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု (၄)ကြိမ်ထိရှိလာပြီး အန်တိုနီထက် တစ်ကြိမ်ပိုသာနေတဲ့ အီဒါဆန်

0

ဒီနေ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄) မန်စီးတီး(၂-၁)ဘရန်ဖို့ဒ်ပွဲမှာ ဘရန့်ဖို့ဒ်အသင်းဘက်ကို မန်စီးတီးတိုက်စစ်မှူးးဟာလန်းသွင်းယူခဲ့တဲ့ ဒုတိယဂိုးကို မန်စီးတီးဂိုးသမားအီဒါဆန်က ဂိုးရှေ့ကနေ အမြင်ရှိရှိနဲ့ လှမ်းကန်ပေးပို့ပြီး ဖန်တီးခဲ့တာပါ။

အီဒါဆန်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု(၄)ကြိမ်အထိရှိသွားပြီဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်အသင်းက ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား အန်တိုနီထက်တောင် တစ်ဂိုးပိုနေပါသေးတယ်။

အန်တိုနီက ပရီးမီးယားလိဂ်မှာ (၅၅)ပွဲကစားထားရာမှာ (၅)ဂိုးသွင်းပြီး (၃)ဂိုးသာ ဖန်တီးထားတာပါ။

အီဒါဆန်အနေနဲ့ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုအများဆုံးဂိုးသမားအဖြစ် စံချိန်တင်ထားတဲ့ အင်္ဂလန်ဂိုးသမား ပေါလ်ရော်ဘင်ဆင်ရဲ့(၅)ဂိုးစံချိန်ကို လိုက်မီဖို့ တစ်ဂိုးသာလိုပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *