ခြေစမ်းပွဲ ပထမပိုင်းအပြီးမှာ ဘော့စနီးယားအဝတ်လဲခန်းထဲကို ပစ်ဖိုဒ့်မှားယွင်းဝင်ရောက်ခဲ့

0

မနေ့က အင်္ဂလန်(၃-ဝ)ဘော့စနီးယားခြေစမ်းပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ အင်္ဂလန်အသင်းဂိုးသမား ပစ်ဖိုဒ့်ဟာ ပြိုင်ဘက်အသင်းဖြစ်တဲ့ ဘော့စနီးယားအသင်းရဲ့အဝတ်လဲခန်းထဲကို မှားယွင်ပြီး ဝင်ရောက်ခဲ့ပါတယ်။

ဆန်းဒါးလန်းအသင်းကစားသမားဟောင်းဖြစ်တဲ့ ပစ်ဖိုဒ့်ဟာ သူ့ရဲ့ပြိုင်ဘက်ဟောင်း နယူးကာဆယ်အသင်းရဲ့စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခဲ့ပေမယ့် သူဟာ ပြိုင်ဘက်အသင်းသားတစ်ဦးလို ခံစားခဲ့ရတယ်လို့ ဒေးလီးမေးလ်က ရေးသားခဲ့ပါတယ်။

Channel 4 ရဲ့အစီအစဉ်တင်ဆက်သူ စတိဗ်ဘိုဝါက ပစ်ဖိုဒ့်ဟာ ပထမပိုင်းအပြီးမှာ ဘော့စနီးယားအသင်းအဝတ်လဲခန်းထဲကို အံ့အားသင့်ဖွယ်ဝင်သွားခဲ့တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ပစ်ဖိုဒ့်ဟာ ဒီပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး ဘော့စနီးယားအသင်းရဲ့ကန်သွင်းချက်တွေကို ကာကွယ်ရခြင်းတောင်မရှိခဲ့တာပါ။ ဘော့စနီးယားအသင်းဟာ ဒီပွဲမှာ အင်္ဂလန်အသင်းဘက်ကို ဂိုးပေါက်ကန်သွင်းမှု(၁)ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ဘော့စနီးယားအသင်းနဲ့ ခြေစွမ်းပွဲမှာ အီဇီ၊ ကိုးလ်ပါမား၊ ဂူဟီ၊ဝါတန်တို့လို လူငယ်ကစားသမားတွေကို အသုံးပြုသွားခဲ့ပါတယ်။ လူငယ်ကစားသမားတွေဟာ ဒီပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူရို -၂၀၂၄ ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား(၂၆)ဦးရွေးချယ်ဖို့က သူ့အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်လို့ နည်းပြဆောက်ဂိတ်က ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဇွန်(၇)ရက်မှာ အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ပြီးရင် အပြီးသတ်လူစာရင်းထုတ်ပြန်ကာ ယူရို-၂၀၂၄ ပြိုင်ပွဲကျင်းပမယ့် ဂျာမနီနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *