ကစားသမား (၁၈)ဦးအထိ ထွက်ခွာခွင့်ပေးပြီး အသင်းကိုအပြောင်းအလဲလုပ်ဖို့ ဖောရက်စ် စီစဉ်

0

နော်တင်ဂမ်ဖောရက်စ်အသင်းဟာ စာချုပ်ကုန်ဆုံးတဲ့သူတွေနဲ့ အငှားစာချုပ်ကုန်ဆုံးခဲ့တဲ့ ကစားသမား(၁၈)ဦးအထိ ထွက်ခွာမယ်လို့ အတည်ပြုခဲ့ပါတယ်။

နော်တင်ဂမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပြီးနောက် (၂)နှစ်ဆက်တိုက် တန်းဆင်းမယ့်အန္တရာယ်ကလွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့ရကာ ပြီးခဲ့တဲ့ရာသီက အဆင့်(၁၇)နေရာမှာ ရပ်တည်ခဲ့တာပါ။

The Reds are celebrating after taking the lead with an assist from Felipe and a goal from Divock Origi of Nottingham Forest during the FA Cup Fourth Round Replay match between Nottingham Forest and Bristol City at the City Ground in Nottingham, on February 7, 2024. (Photo by MI News/NurPhoto via Getty Images)

နော်တင်ဂမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ခဲ့ပြီးနောက် ကြီးကြီးမားမား ရင်းနှီးမြုပ်နှံခဲ့ပြီး ပိုင်ရှင်မာရီနာကစ်လက်ထက်မှာ ကစားသမားအများအပြား ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကမ္ဘာ့ဖလားချန်ပီယံဆုရှင်၊ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့သူအပါအဝင် ကစားသမား(၁၈)ဦးထွက်ခွာပြီလို့ နော်တင်ဂမ်ဖောရက်စ်အသင်းက အတည်ပြုခဲ့တာပါ။

အာတာ၊ဟန်နက်ဆီ၊ကူယာတေး၊အမ်ဘီဆော့၊မက်ကန်နာနဲ့ ဖီလစ်ပီတို့ကို ချုပ်ဆိုထားတဲ့စာချုပ်ကုန်ဆုံးသွားပြီဖြစ်လို့ နော်တင်ဂမ်ဖောရက်စ်အသင်းဟာ ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။ အာတာဟာ ၂၀၂၀ က ဘုန်းမောက်အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းနဲ့အဆင်မပြေဖြစ်ပြီး ၂၀၂၁ ဇန်နဝါရီကတည်းက နော်တင်ဂမ်ဖောရက်စ်အသင်းအတွက် ပါဝင်ကစားခဲ့ခြင်းမရှိတော့တာပါ။ နော်တင်ဂမ်ဖောရက်စ်အသင်းဟာ အကယ်ဒမီကစားသမား (၇)ဦးကိုလည်း ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားရယူနိုင်ခဲ့တဲ့ မွန်တီရယ်လ်၊လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့တဲ့ အိုရီဂီ၊ရေနာ၊ရီဘီရိုနဲ့ တာဗာရက်စ်တို့ဟာ အငှားစာချုပ်ကုန်ဆုံးလို့ သူတို့ရဲ့မိခင်ကလပ်အသင်းတွေထံ ပြန်ရတော့မှာပါ။ နော်တင်ဂမ်ဖောရက်စ်အသင်းဟာ နောက်ခံလူတွေဖြစ်တဲ့ ဘိုလီကို (၁)နှစ်စာချုပ်သက်တမ်းတိုးခဲ့ပြီး အိုင်နာကိုလည်း စာချုပ်ပါအချက်အတိုင်း(၁)နှစ်သက်တမ်းတိုးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *