ခြေစမ်းပွဲမှာ ဂရိဦးဆောင်ဂိုးရရှိစေမယ့် အမှားပြုလုပ်ခဲ့တဲ့ နော်ယာကို ပရိသတ်တွေ ပြစ်တင်

0

မနေ့က ဂျာမနီ(၂-၁)ဂရိခြေစမ်းပွဲစဉ်မှာ ဂရိဦးဆောင်ရရှိစေမယ့် အမှားပြုလုပ်ခဲ့တဲ့ ဂျာမနီဂိုးသမား နော်ယာကို ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ပြစ်တင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

နော်ယာဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၃၃)မိနစ်မှာ ဂရိအသင်းဘက်က ကန်သွင်းခဲ့တဲ့ ဘောလုံးကို ဖမ်းရာမှာ မသေသပ်ခဲ့တာကြောင့် ပြန်ထွက်လာတဲ့ ဘောလုံးကို ဂိုးရှေ့အသင်းရှိနေတဲ့ ဂရိအသင်းတောင်ပံကစားသမား မာဆိုယက်စ်က ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ ကိုင်ဟာဗက်ဇ်နဲ့ ဂရော့စ်တို့က ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းယူခဲ့လို့ ယူရို-၂၀၂၄ ပြိုင်ပွဲအိမ်ရှင် ဂျာမနီအသင်းဟာ နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျာမနီအသင်းနိုင်ပွဲရယူနိုင်ခဲ့ပေမယ့် ပရိသတ်တွေကတော့ ဂိုးသမားနော်ယာကို ပြစ်တင်မှုတွေပြုလုပ်ခဲ့ပြီး သူ့ရဲ့နေရာမှာ ဘာစီလိုနာအသင်းဂိုးသမား စတီဂျန်ကို အသုံးပြုဖို့ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြတာပါ။

ပရိသတ်တစ်ဦးက “နော်ယာရဲ့အကောင်းဆုံးအချိန်တွေက ပြီးဆုံးသွားပါပြီ၊စတီဂျန်ကို အခွင့်အရေးပေးလိုက်ပါ”လို့ရေးသားခဲ့ပြီး နောက်တစ်ဦးက “စတီဂျန်ဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်ရမယ့်အချိန်ရောက်လာပါပြီ”လို့ ရေးသားခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကတော့”ဟိုဆေးလူက သူ့ကို အဆုံးသတ်ပြီးကတည်းက နော်ယာက တူညီတဲ့သူမဟုတ်တော့ဘူး”လို့ ရေးသားခဲ့ကြတာဖြစ်ပါတယ်။

နော်ယာဟာ အမှားအယွင်းတွေပြုလုပ်ခဲ့ပေမယ့် လာမယ့်ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂျာမနီအသင်းရဲ့နံပတ်တစ်ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရရှိမှာပါ။ ဘာစီလိုနာအသင်းဂိုးသမား စတီဂျန်က ဂျာမနီအသင်းရဲ့နံပတ်တစ်ဂိုးသမားနေရာအတွက် နည်းပြရဲ့ဆုံးဖြတ်ချက်ကို သဘောမတူရင်တောင် လက်ခံရမယ်လို့ မကြာသေးခင်က အင်တာဗျူးမှာ ဆိုခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *