Featured Articles

ချန်ပီယံလိဂ်သမိုင်းမှာ တစ်နိုင်ငံတည်းက အများဆုံးအဖြစ် အီတလီကလပ်(၆)သင်းအထိ ပါဝင်လာနိုင်တဲ့ ရာသီ

လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲက စီးရီးအေကလပ်အသင်း(၆)သင်းအထိ ပါဝင်လာမယ့် အလားအလာရှိနေပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အတ္တလန်တာအသင်းဗိုလ်စွဲခဲ့တာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို အတ္တလန်တာအသင်းက ယူရိုပါလိဂ်ချန်ပီယံအဖြစ် တိုက်ရိုက်ဝင်ခွင့်ရခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်တွေမှာ လက်ရှိချန်ပီယံလိဂ်ချန်ပီယံအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံအသင်းတွေကို နောက်ရာသီ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ တိုက်ရိုက်ဝင်ခွင့်ပေးတာဖြစ်ပါတယ်။ ဒီရာသီ ဥရောပအဆင့်သတ်မှတ်ချက်(UEFA...

လောင်းကစားမှုစွဲချက်တွေကို နောက်ဆုံးထွက်သက်အထိ ရင်ဆိုင်သွားမယ်ဆိုတဲ့ ပါကယ်တာ

၀က်စ်ဟမ်းအသင်းရဲ့ဘရာဇီးလ်ကွင်းလယ်လူပါကယ်တာက သူ့အပေါ် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က စွဲဆိုထားတဲ့ လောင်းကစားမှုစွဲချက်တွေကို နောက်ဆုံးထွက်သက်အထိ ရင်ဆိုင်သွားမယ်လို့ ပြောလိုက်ပါတယ်။ FA က ပါကယ်တာအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲမှာ အဝါကတ်တမင်တကာရယူပြီး သူကိုယ်တိုင်ဖြစ်စေ၊ သူ့သူငယ်ချင်းအပေါင်းအသင်းတွေဖြစ်စေ လောင်းကစားမှာ ငွေကြေးအမြတ်အစွန်းရအောင် ဖန်တီးခဲ့တယ်လို့ စွပ်စွဲပြီး မနေ့က...

ဇွန်လထဲမှာ အန်ဖီးကွင်းကိုပြန်လာဦးမယ့် ယာဂန်ကလော့ပ်

ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့တဲ့နည်းပြပိုချက်တီနိုက လာမယ့်ဇွန်လထဲမှာ ချယ်လ်ဆီးအသင်းရဲ့အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်ကို ပြန်လာမှာဖြစ်သလို လီဗာပူးလ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့နည်းပြယာဂန်ကလော့ပ်ကလည်း လာမယ့်ဇွန်လထဲမှာ လီဗာပူးလ်အသင်းရဲ့အိမ်ကွင်းအန်ဖီးလ်ကို ပြန်လာမှာဖြစ်ပါတယ်။ လာပုံလာနည်းချင်းကတော့ ကွာခြားပါတယ်။ ပိုချက်တီနိုက UNICEF ရန်ပုံငွေပွဲတစ်ပွဲမှာ နည်းပြအဖြစ် ကိုင်တွယ်ဖို့ စတမ်းဖို့ဒ်ဘရစ်ချ်မြက်ခင်းပြင်ကို ခြေချရမှာဖြစ်ပြီး ယာဂန်ကလော့ပ်ကတော့...

ပရိသတ်တွေရွေးချယ်တဲ့ PFA အကောင်းဆုံးဆုတွေ ဆွတ်ခူးခဲ့တဲ့ ကိုးလ်ပါမားနဲ့ လော်ရန်ဂျိမ်းစ်

ချယ်လ်ဆီးအသင်းရဲ့တောင်ပံကစားသမား ကိုးလ်ပါမားဟာ ပရိသတ်တွေက မဲပေးရွေးချယ်ပြီး ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA)က ချီးမြှင့်တဲ့ Premier League fans' player of the year ဆုကို ဆွတ်ခူးခဲ့ပါတယ်။ PFA က fans' player of...

ကာဂလီယာရီအသင်းကိုရော နည်းပြဘ၀ကိုပါ စွန့်ခွာသွားတော့မယ့် ရာနီရေးရီ

ကာဂလီယာရီအသင်းကို ဒီရာသီ တန်းဆင်းအန္တရာယ်က လွတ်မြောက်အောင် စွမ်းဆောင်ပေးပြီးချိန်မှာ နည်းပြ ရာနီရေးရီက ရာသီကုန်ရင် အသင်းနဲ့လမ်းခွဲတော့မှာ ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့(၃၈)နှစ်ကြာသက်တမ်းရှိနေပြီဖြစ်တဲ့ နည်းပြဘဝကိုလည်း အဆုံးသတ်တော့မှာဖြစ်ကြောင်း ရာနီရေးရီက အသိပေးခဲ့ပါတယ်။ သူ့ရဲ့နည်းပြဘဝမှာ ကာဂလီယာရီအသင်းက နောက်ဆုံးကလပ်အသင်းဖြစ်လာလိမ့်မယ်လို့...

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးခဲ့တဲ့ ဂွါဒီယိုလာ

၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို အားလုံးမျှော်လင့်ထားတဲ့အတိုင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဆွတ်ခူးခဲ့ပါတယ်။ ၂၀၁၆-၁၇ ရာသီမှာ မန်စီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဂွါဒီယိုလာအနေနဲ့ ဒီဆုကို နောက်ဆုံး(၇)ရာသီအတွင်း (၅)ကြိမ်မြောက်ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ဆုဖလားနှင့်အတူ တွေ့ရသည့် မန်စီးတီးအသင်းနည်းပြ...