Day: October 2, 2024

ဘောလုံးသမားဘဝက အနားယူပြီးနောက် (၃၆)ရက်အကြာမှာ ဘာစီလိုနာထံ ဆက်ဇနီ ပြောင်းရွှေ့

ပိုလန်ဂိုးသမားဟောင်း ဆက်ဇနီဟာ ပြီးခဲ့တဲ့သြဂုတ်ကုန်ပိုင်းကမှ ဘောလုံးသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပေမယ့် (၃၆)ရက်အကြာမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ဆင်ပြီး ဘာစီလိုနာအသင်းထံ ရာသီအကုန်ထိစာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိ အာဆင်နယ်အသင်းဂိုးသမားဟောင်း ဆက်ဇနီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ သူ့ရဲ့စာချုပ်ကိုဖျက်သိမ်းပြီးနောက် ဘောလုံးသမားဘဝကနေ အနားယူခဲ့သူပါ။...

ချန်ပီယံလိဂ်ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် ဆိုရှယ်မီဒီယာမှာ ဆဲလ်တစ်အသင်း လှောင်ပြောင်ခံရ

မနေ့က ဒေါ့မွန်(၇-၁)ဆဲလ်တစ် ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ဆဲလ်တစ်အသင်းဟာ စကော့တလန်အတွက် ရှက်ဖို့ကောင်းတယ်ဆိုတဲ့ ရေးသားမှုအပါအဝင် ဆိုရှယ်မီဒီယာပေါ်မှာ လှောင်ပြောင်မှုအများအပြားခံခဲ့ရပါတယ်။ ဆဲလ်တစ်အသင်းဟာ ဒေါ့မွန်အသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီရှုံးပွဲမရှိ ရလဒ်ကောင်းတွေရရှိနေတဲ့ မှတ်တမ်းကောင်းရပ်တန့်သွားခဲ့ရတာပါ။ ဆဲလ်တစ်အသင်းဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာကတည်းက ဒေါ့မွန်အသင်းကို (၁-၅)ဂိုးနဲ့ အရေးနိမ့်နေခဲ့ပြီး...

နစ္စတယ်ရွိုင်းက တန်ဟတ်ရဲ့နေရာကို အစားထိုးဝင်ရောက်ဖို့ စောင့်ဆိုင်းနေတယ်လို့ မာတင်ကီအွန် စွပ်စွဲ

အာဆင်နယ်နောက်ခံလူဟောင်း မာတင်ကီအွန်က သူ့ရဲ့ပြိုင်ဘက်ဟောင်း နစ္စတယ်ရွိုင်းဟာ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ရဲ့နေရာကို အစားထိုးဝင်ရောက်ဖို့စောင့်ဆိုင်းနေတယ်လို့စွပ်စွဲခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံရမယ့် ဖိအားတွေကို ခံစားနေရပြီး သူ့ရဲ့လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ နစ္စတယ်ရွိုင်းဟာ မန်ယူနိုက်တက်အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေတာပါ။ ဒတ်ချ်တိုက်စစ်မှူးဟောင်း...

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းရဲ့ ဖရီးကစ်ဂိုးခမ်းခြောက်မှု အဆုံးသတ်စေခဲ့တဲ့ ဆာကာ

မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ် အာဆင်နယ်(၂-ဝ) PSG ပွဲမှာ အာဆင်နယ်အသင်းရဲ့အင်္ဂလန်တောင်ပံကစားသမားဆာကာသွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးဟာနှစ်ပေါင်း(၂၂)နှစ်အတွင်း အာဆင်နယ်အသင်းရဲ့ ပထမဆုံးချန်ပီယံလိဂ် ဖရီးကစ်ဂိုး ဖြစ်ခဲ့ပါတယ်။ ၂၀၀၂-၀၃ ရာသီက ချန်ပီယံလိဂ်အုပ်စုပွဲစဉ် အာဆင်နယ်-ရိုးမားပွဲမှာ တိုက်စစ်မှူးအွန်နရီသွင်းယူခဲ့တဲ့ ဖရီးကစ်နောက်ပိုင်း ဆာကာက အာဆင်နယ်အသင်းအတွက်ချန်ပီယံလိဂ်ဖရီးကစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။...