Day: October 15, 2024

ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဆာနေးနဲ့ ဂေါ်ရက်စကာကို ခေါ်ယူဖို့ မန်ယူနိုက်တက် ပစ်မှတ်ထား

မန်ယူနိုက်တက်အသင်းဟာ လူစာရင်းကို ပိုပြီးအားကောင်းစေဖို့အတွက် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား ဆာနေးနဲ့ ကွင်းလယ်လူ ဂေါ်ရက်စကာတို့ကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက PSG အသင်းကွင်းလယ်လူ အူဂါတေးကို ပေါင်(၅၁)သန်းနဲ့ ခေါ်ယူပြီး အားဖြည့်ထားတာပါ။ ဒါပေမယ့်...

ဘယ်လ်ဂျီယံနဲ့ပွဲက ဆာလီဘာရဲ့ပြင်သစ်အတွက် အဆိုးရွားဆုံးပွဲလို့ ဝေဖန်မှုတွေပြုလုပ်

မနေ့က ဘယ်လ်ဂျီယံ(၁-၂)ပြင်သစ် UEFA Nations League ပွဲစဉ်မှာ အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာဟာ ပြင်သစ်အတွက် အဆိုးရွားဆုံးပွဲကစားခဲ့တယ်ဆိုပြီး ဝေဖန်မှုပြုလုပ်တာခံခဲ့ရပါတယ်။ ဒီပွဲမှာ လီဗာပူးလ်အသင်းနောက်ခံလူ ကိုနာတေးနဲ့အတူ ပြင်သစ်အသင်းဗဟိုခံစစ်မှာ ပွဲထွက်လာခဲ့တဲ့ ဆာလီဘာဟာ ပွဲချိန်မိနစ်(၂၀)မှာ လိုက်ပ်ဇစ်အသင်းတိုက်စစ်ကစားသမား အိုပန်ဒါကို...

စကော့တလန်နဲ့ပွဲမှာ စီရော်နယ်ဒိုကို အနားပေးမယ်ဆိုတဲ့ ထင်ကြေးသတင်းတွေကို မာတီနက်ဇ် ငြင်းပယ်

ဒီနေ့ကစားမယ့် စကော့တလန်-ပေါ်တူဂီ UEFA Nations League ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ အသင်းခေါင်းဆောင် စီရော်နယ်ဒိုကို အနားပေးမယ်ဆိုပြီး ထင်ကြေး‌သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် နည်းပြ ရောဘတ်တိုမာတီနက်ဇ်က ပယ်ချခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက ပိုလန်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ...

မာတင်နယ်လီရဲ့ဒဏ်ရာကို MRI ရိုက်ခဲ့ရပြီး အာဆင်နယ်ရဲ့ဒဏ်ရာပြဿနာ ပိုဆိုးလာခဲ့

ဘရာဇီးလ်တောင်ပံကစားသမား မာတင်နယ်လီဟာ MRI စကန်ရိုက်ခဲ့တယ်ဆိုပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကြောင့် အာဆင်နယ်အသင်းရဲ့ဒဏ်ရာ ပြဿနာဟာ ပိုပြီးဆိုးလာခဲ့ပါတယ်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က မာတင်နယ်လီဟာ ညာဘက်ခြေသလုံးရောင်ရမ်းနေပြီး ကုသမှုခံယူနေရတယ်လို့ အတည်ပြုထားတာပါ။ မာတင်နယ်လီဟာ ဘရာဇီးလ်အသင်းက ချီလီအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆...