Day: October 8, 2024

ဂရိနဲ့ ပွဲမတိုင်ခင် အင်္ဂလန်အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ ဟာရီကိန်း ပါဝင်ခဲ့ခြင်းမရှိ

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ ဂရိအသင်းနဲ့ ကစားမယ့် UEFA Nations League ပွဲစဉ်မတိုင်ခင် အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ဟာရီကိန်းဟာ အင်္ဂါနေ့မနက်က ပြုလုပ်ခဲ့တဲ့ အင်္ဂလန်အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းဖော်တွေနဲ့ ပူးပေါင်းနိုင်ခြင်းမရှိပေမယ့် တစ်ဦးချင်းလေ့ကျင့်ခန်းအစီအစဉ်တွေတော့ ပြုလုပ်ခဲ့တာပါ။...

နူနက်ဇ်ရဲ့နိုင်ငံတကာပွဲပယ်ကို CAS ယာယီရုပ်သိမ်းခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပါဝင်ခွင့်ရှိ

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ဟာ သူ့ရဲ့နိုင်ငံတကာပွဲပယ်ပြစ်ဒဏ်ကို နိုင်ငံတကာအားကစားခုံရုံး(CAS)က ယာယီရုပ်သိမ်းပေးခဲ့ပြီးနောက် ဥရုဂွေးအသင်းအတွက် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေမှာ ပါဝင်ကစားပေးဖို့ရှိနေပါတယ်။ ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်မှာ ကိုလံဘီယာအသင်းပရိသတ်တွေနဲ့ ဖြစ်ခဲ့တဲ့ ရန်ပွဲမှာပါဝင်ခဲ့ပြီးနောက် (၅)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။ ဒါပေမယ့် နိုင်ငံတကာအားကစားခုံရုံး(CAS)က ဒီပွဲပယ်ပြစ်ဒဏ်ကို ယာယီရုပ်သိမ်းပေးခဲ့တာကြောင့်...

ဝုလ်ဗ်စ်တိုက်စစ်မှူး ဟွမ်ဟီချန်းကို လူမျိုးရေးခွဲခြားခဲ့တဲ့ ကိုမိုနောက်ခံလူ ကာတို(၁၀)ပွဲပယ်ခံရ

ပြီးခဲ့တဲ့ရာသီကြိုခြေစမ်းပွဲမှာ ဝုလ်ဗ်စ်တိုက်စစ်မှူး ဟွမ်ဟီချန်းကို လူမျိုးရေးခွဲခြားခဲ့တဲ့ ကိုမိုနောက်ခံလူ ကာတိုကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က (၁၀)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ စီးရီးအေဒုတိတယန်းကလပ် ဆီစီနာအသင်းမှာ အငှားကစားနေတဲ့ ကာတိုဟာ ပြီးခဲ့တဲ့ ဇူလိုင်က မာဘယ်လာမှာကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဟွမ်ဟီချန်းအပေါ် လူမျိုးရေးခွဲခြားခဲ့ကြောင်း တွေ့ရှိခဲ့ရတာပါ။ ကာတိုဟာ...

ရီးရဲလ်မက်ဒရစ်အတွက် ကစားခဲ့ပြီး ပြင်သစ်လူစာရင်းက နုတ်ထွက်ခဲ့လို့ ဘာပေ ဝေဖန်ခံနေရ

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်ကစားခဲ့ပေမယ့် UEFA Nations League ပွဲစဉ်တွေကစားမယ့် ပြင်သစ်အသင်းလူစာရင်းကနေ ထွက်ခွာခဲ့တဲ့ အပေါ် ဝေဖန်မှုတွေခံနေရပါတယ်။ ဘာပေဟာ ပြီးခဲ့တဲ့လက ကြွက်သားဒဏ်ရာခံစားခဲ့ရပေမယ့် လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲ၊ ဗီလာရီးရဲလ်အသင်းနဲ့ စပိန်လာလီဂါပွဲတွေမှာ...

ပြင်သစ်လက်ရွေးစင်အသင်းကို အဆန်းပြားဆုံးဒီဇိုင်းနဲ့ ရောက်လာတဲ့ ကိုနာတေး

နိုင်ငံတကာရက်သတ္တပတ်ရောက်တိုင်း ပြင်သစ်လက်ရွေးစင်အသင်းရဲ့လေ့ကျင့်ရေးစခန်းကို ပြင်သစ်လက်ရွေးစင်ကစားသမားတွေ ဖက်ရှင်ပြပွဲတစ်ခုကိုလာသလို ထူးထူးခြားခြား ဝတ်စုံဒီဇိုင်းတွေဝတ်ဆင်လာတာက အစဉ်အလာတစ်ခုလို ဖြစ်နေပါပြီ။ ပြင်သစ်နိုင်ငံ၊ ပါရီမြိုနဲ့ ကီလိုမီတာ(၅၀)အကွာက ကလာရင့်ဖောင်တိန်လေ့ကျင့်ရေးစခန်းအဝင်ဝမှာ ဓါတ်ပုံသတင်းထောက်တွေ ခြေချင်းလိမ်ပြီး ပြင်သစ်အသင်းနဲ့ လာရောက်ပူးပေါင်းတဲ့ ပြင်သစ်လက်ရွေးစင်ကစားသမားတွေကို အကယ်ဒမီပွဲတက်သူတွေလို ဓါတ်ပုံတွေရိုက်ကူးနေတာလည်း ပုံမှန်လိုဖြစ်နေပါပြီ။...

၁၉၇၂-၇၃ ရာသီနောက်ပိုင်း အဆိုးရွားဆုံး သွင်းဂိုးမှတ်တမ်းကို ရရှိခဲ့တဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၇)ပွဲကစားပြီးချိန်မှာ (၅)ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဒီဂိုးအရေအတွက်ဟာ နှစ်ပေါင်း(၅၂)နှစ်အတွင်း မန်ယူနိုက်တက်အသင်းအတွက် (အမှတ်ပေးပွဲ ၇ ပွဲကစားပြီးချိန်မှာ) အနည်းဆုံးသွင်းဂိုးအရေအတွက် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမတိုင်မီ အရင်အင်္ဂလန်ပထမတန်းပြိုင်ပွဲအဖြစ် ကျင်းပခဲ့ချိန်က မန်ယူနိုက်တက်အသင်းဟာ ၁၉၇၂-၇၃ ရာသီမှာ အမှတ်ပေးပွဲ(၇)ပွဲကစားအပြီး...