Day: October 18, 2024

တစ်နစ်တာဝင်ငွေအကောင်းဆုံး ကစားသမားစာရင်းမှာ မက်ဆီရဲ့(၂)ဆ ဝင်ငွေနဲ့ ဦးဆောင်တဲ့ စီရော်နယ်ဒို

ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားတွေနဲ့ သူတို့ရဲ့ဝင်ငွေကို တွက်ချက်ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားအဖြစ် အသက်(၄၀)ပြည်ဖို့ (၄)လတောင်မလိုတော့တဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက အပြတ်အသတ်ဖြတ်ပြီး ဦးဆောင်နေပါတယ်။ စီရော်နယ်ဒိုအနေနဲ့ သူနဲ့ ခေတ်ပြိုင်ကစားသမားဖြစ်တဲ့ မက်ဆီကို ဝင်ငွေ(၂)ဆလောက် အသာရပြီး ဒီစာရင်းမှာ...

ဆော်ဒီမှာကျင်းပတဲ့ တင်းနစ်ပြိုင်ပွဲမှာ ပရိသတ်အချို့ရဲ့လှောင်ပြောင်မှုကို နေမာ ကြုံတွေ့ခဲ့ရ

ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ ကြာသပတေးနေ့ညက ဆော်ဒီနိုင်ငံမှာကျင်းပတဲ့ '6 Kings Slam' တင်းနစ်သရုပ်ပြပြိုင်ပွဲမှာ ပရိသတ်အချို့ရဲ့လှောင်ပြောင်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နေမာဟာ ပြိုင်ပွဲကျင်းပမယ့် ကွင်းထဲကို ရောက်ရှိလာချိန်မှာ ကွင်းအတွင်းစုဝေးနေကြတဲ့ ပရိသတ်အချို့ရဲ့ကျယ်လောင်စွာလှောင်ပြောင်မှုကို ခံခဲ့ရတာဖြစ်ပြီး "ရော်နယ်ဒို၊ရော်နယ်ဒို"ဆိုတဲ့ အော်သံတွေကိုလည်း ကြားခဲ့ရတာပါ။ နေမာဟာ...

ဟူဂိုဗီယာနာကို ခန့်အပ်မှုက မိမိ မန်စီးတီးထံသွားမယ်လို့ မဆိုလိုကြောင်း အာမိုရင် တုံ့ပြန်

စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အာမိုရင်က သူတို့ရဲ့အားကစားအကြီးအကဲ ဟူဂိုဗီယာနာကို မန်စီးတီးအသင်းခန့်အပ်မှုက မန်စီးတီးအသင်းထံ သူသွားမယ်လို့မဆိုလိုကြောင်း Cabine Desportiva နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တုံ့ပြန်ထားပါတယ်။ အာမိုရင်ဟာ စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာရဲ့နေရာမှာအစားထိုးဝင်ရောက်ပြီး မန်စီးတီးအသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့သူအဖြစ် နာမည်ကြီးနေတဲ့သူပါ။ မန်စီးတီးအသင်းနဲ့ ဂွါဒီယိုလာတို့ချုပ်ဆိုထားတဲ့စာချုပ်ဟာ...

၂၀၂၄ တောင်အာဖရိက ​အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင် (၃)ဦး

အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)က ၂၀၂၄ခုနှစ် အာဖရိကအကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်ကစားသမား(၃)ဦးစာရင်းကို ကြေညာခဲ့ပါတယ်။ စီးရီးအေကလပ်အတ္တလန်တာအသင်းမှာ ကစားနေတဲ့နိုင်ဂျီးရီးယားတိုက်စစ်မှူးလွတ်ခ်မန်း၊ ဘွန်ဒစ်လီဂါကလပ်လေဗာကူဆင်အသင်းမှာ ကစားနေတဲ့နိုင်ဂျီးရီးယားတိုက်စစ်မှူးဘော်နီဖေ့စ်နဲ့ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားနေတဲ့မော်ရိုကိုကွင်းလယ်လူ ဘရာဟင်ဒီယက်ဇ်တို့ကို CAF ကဆန်ခါတင်ရွေးချယ်ထားတာဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းမှာ နိုင်ဂျီးရီးယားတိုက်စစ်မှူး(၂)ဦးပါဝင်နေလို့ ဒီဆုကို နိုင်ဂျီးရီးယားကစားသမားတွေပဲ (၂)နှစ်ဆက် ဆွတ်ခူးဦးမလားဆိုတာ...

ထာဝရအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပြီး Marca ရဲ့ ဆုချီးမြှင့်မှုကိုခံခဲ့ရတဲ့ မက်ဆီ

စပိန်နိုင်ငံရဲ့နာမည်အကြီးဆုံးအားကစားသတင်းစာ Marca က အင်တာမိုင်ယာမီနဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီကို MARCA America Award လို့ အမည်ပေးထားတဲ့ဆုကို ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ မက်ဆီက ဒီဆုကို ပထမဆုံးရရှိတဲ့သူဖြစ်ပြီး သူ့ကိုဘောလုံးလောကရဲ့ထာဝရအကောင်းဆုံးဘောလုံးသမား(Greatest Soccer Player of All Time)အဖြစ်...

နော်ဝစ်ချ်အသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ် ပူးပေါင်းဖို့ ဝီလ်ရှိုင်းယား သဘောတူညီမှုရရှိ

အာဆင်နယ်ယူ-၁၈ အသင်းနည်းပြ ဝီလ်ရှိုင်းယားဟာ ချန်ပီယံရှစ်ကလပ် နော်ဝစ်ချ်အသင်းမှာ ပထမအသင်းနည်းပြရာထူးရယူကာ နည်းပြအဖွဲ့ဝင်အဖြစ်ပူးပေါင်းဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းကြယ်ပွင့်ဟောင်း ဝီလ်ရှိုင်းယားဟာ အသက်(၃၀)နှစ်အရွယ် ၂၀၂၂ မှာ ကစားသမားဘဝကနေ အနားယူပြီးနောက် အာဆင်နယ်ယူ-၁၈ အသင်းကို နည်းပြအဖြစ်တာဝန်ယူနေသူပါ။ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း(၁၉၇)ပွဲပါဝင်ကစားခဲ့တဲ့...

ဒဏ်ရာကြောင့် (၁၈)လနီးပါး အနားယူပြီးနောက် မန်ယူနိုက်တက်အတွက် မာလာစီယာ ပြန်ကစားနိုင်ဖို့ နီးစပ်

နယ်သာလန်ဘယ်နောက်ခံလူ မာလာစီယာဟာ ဒဏ်ရာကြောင့် (၁၈)လနီးပါးကြာအနားယူခဲ့ရပြီးနောက် မန်ယူနိုက်တက်အသင်းအတွက် ပြန်ကစားနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မာလာစီယာဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ရဲ့မန်ယူနိုက်တက်အသင်းနည်းပြဘ၀ ပထမဆုံးခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် မန်ယူနိုက်တက်အသင်းအတွက် ၂၀၂၃ မေက နောက်ဆုံးပါဝင်ကစားထားတာပါ။ မာလာစီယာဟာ...

၁၇.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ ကွင်းလယ်လူတွေဖြစ်တဲ့ အဲရစ်ဆင်နဲ့ ကက်စီမီရိုတို့ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းဟာ သူတို့ရဲ့နေရာမှာ အစားထိုးဖို့ ကွင်းလယ်ကစားသမားအချို့ကိုပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ■ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ရာသီအစဆိုးရွားတဲ့ရလဒ်တွေကြောင့် နည်းပြ ဂလက်စ်နာရဲ့နေရာမှာ ဝက်စ်ဟမ်းအသင်းနည်းပြဟောင်း ဒေးဗစ်မွိုက်စ်ကို အစားထိုးဖို့...

ခရိုအေရှားလက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာပွဲအရေအတွက် တစ်ဝက်ကျော်ကစားထားတဲ့ မိုဒရစ်

ခရိုအေးရှားလက်ရွေးစင်အသင်းရဲ့ကွင်းလယ်လူ လူကာမိုဒရစ်ဟာ ဒီတစ်ပတ် UEFA Nations League ပွဲစဉ် ပိုလန်(၃-၃)ခရိုအေးရှားပွဲမှာ ပါဝင်ကစားပြီးနောက် ခရိုအေးရှားအသင်းအတွက် ကစားတဲ့ နိုင်ငံတကာပွဲအရေအတွက်ဟာ (၁၈၂)ပွဲအထိ ရောက်ရှိလာခဲ့ပါတယ်။ မိုဒရစ်အနေနဲ့ ခရိုအေးရှားဘောလုံးအသင်းသမိုင်းတစ်လျှောက်နိုင်ငံတကာပွဲအရေအတွက်ရဲ့ထက်ဝက်ကျော်တဲ့ပွဲအရေအတွက်ကို ကစားထားတာဖြစ်ပါတယ်။ ခရိုအေးရှားနိုင်ငံသစ် စတင်ပေါ်ထွက်လာချိန်ကစပြီး အခုအချိန်အထိ...

(၁၃)နှစ်ကြာသံယောဇဉ်ကြိုးကိုဖြတ်‌တောက်ပြီး (၁၃)နှစ်ကွာတဲ့ သံယောဇဉ်အသစ်ကို မွေးမြူခဲ့တဲ့ တူချယ်လ်

(Inside Story) ၂၀၂၁ မေလ (၂၉)ရက်နေ့။ ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့က Estadio do Dragao ကွင်းအတွင်း မန်စီးတီးအသင်းကို ချယ်လ်ဆီးအသင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ (၁-ဝ)ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲတော့ ချယ်လ်ဆီးနည်းပြတူချယ်လ်ကို သူ့ရဲ့ချစ်ဇနီးဆစ်စီက ပြေးခုန်ဖက်ပြီး...