Day: October 7, 2024

မာယော့ကာနဲ့ပွဲမှာ လေလွင့်ခွေးတွေနဲ့အတူ အက်စ်ပန်ညို ကစားသမားတွေ ကွင်းထဲဝင်ခဲ့

ဒီတစ်ပတ်ထဲကစားခဲ့တဲ့ အက်စ်ပန်ညို(၂-၁)မာယော့ကာ စပိန်လာလီဂါပွဲစဉ်မှာ အက်စပန်ညိုအသင်းကစားသမားတွေဟာ လာဘ်ကောင်တွေအစား ခွေးတွေနဲ့ ကွင်းထဲကို ဝင်ရောက်ခဲ့ပါတယ်။ အက်စ်ပန်ညိုကစားသမားတွေဟာ စွန့်ပစ်ထားတဲ့ ခွေးတွေကို အိမ်အသစ်တွေရှာဖွေရာမှာ ကူညီပေးတဲ့ ကမ်ပိန်းမှာ (၂)ရာသီဆက်တိုက်ပါဝင်တဲ့အနေနဲ့ ဒီလိုမျိုးပြုလုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက ပြုလုပ်ခဲ့တဲ့ ကမ်ပိန်းမှာ ခွေး(၁၁)ကောင်ကို...

ဘီလ်ဘာအိုနဲ့ပွဲစဉ်မှာ မတူညီတဲ့ကစားသမား(၃)ဦးရဲ့ပယ်နယ်တီကန်သွင်းမှုကို ဂိုးသမားဂါဇန်နီဂါ ကာကွယ်ခဲ့

မနေ့က ဂျီရိုနာ(၂-၁)ဘီလ်ဘာအို စပိန်လာလီဂါပွဲစဉ်မှာ ဂျီရိုနာအသင်းဂိုးသမား ဂါဇန်နီဂါဟာ ဘီလ်ဘာအိုအသင်းကစားသမား (၃)ဦးရဲ့ပယ်နယ်တီကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂျီရိုနာအသင်းဟာ ဂါဇန်နီဂါရဲ့လက်စွမ်းပြသမှုနဲ့တိုက်စစ်မှူး စတူအာနီရဲ့မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ သွင်းယူတဲ့ ပယ်နယ်တီသွင်းဂိုးကြောင့် အနိုင်ရရှိခဲ့တာပါ။ ဒီပွဲစဉ်ရဲ့ပွဲချိန်(၂၈)မိနစ်မှာ ဘီလ်ဘာအိုအသင်းပယ်နယ်တီရရှိခဲ့ပြီး ဘီရန်ဂါရဲ့ကန်သွင်းမှုကို ဂါဇန်နီဂါကာကွယ်သွားနိုင်ခဲ့ပါတယ်။...

ပယ်နယ်တီ(၂)လုံးကာကွယ်နိုင်ခဲ့တဲ့ ဒီဟေးယားက အိုနာနာထက်ပိုကောင်းတယ်လို့ မန်ယူနိုက်တက် ပရိသတ်တွေဆို

မနေ့က ဖီအိုရမ်တီးနား(၂-၁)အေစီမီလန် စီးရီးအေပွဲစဉ်မှာ အေစီမီလန်အသင်းရရှိတဲ့ ပယ်နယ်‌တီ(၂)လုံးကို ကာကွယ်ခဲ့တဲ့ ဂိုးသမားဟောင်း ဒီဟေးယားက လက်ရှိဂိုးသမား အိုနာနာထက် အဆ(၁၀၀)ပိုကောင်းတယ်လို့ မန်ယူနိုက်တက်အသင်းပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ဆိုထားပါတယ်။ ဒီပွဲမှာ ဖီအိုရမ်တီးနားအသင်းဟာ ဒီဟေးယားရဲ့ပယ်နယ်တီကာကွယ်မှုတွေကြောင့် အဖိုးတန်(၃)မှတ်ရရှိခဲ့တာပါ။ ဒီဟေးယားဟာ မန်ယူနိုက်တက်အသင်းမှာရှိခဲ့တဲ့...

ဖောရက်စ်နောက်ခံလူ မိုရာတိုကို ဖြတ်ရိုက်ခဲ့လို့ ချယ်လ်ဆီးတိုက်စစ်မှူး ဂျက်ဆန် ပွဲပယ်ခံရဖွယ်ရှိ

မနေ့က ချယ်လ်ဆီး(၁-၁)နော်တင်ဂမ်ဖောရက်စ် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း နှစ်သင်းကြား ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်မှာ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျက်ဆန်ဟာ နော်တင်ဂမ်ဖောရက်စ်အသင်းနောက်ခံလူ မိုရာတိုကို ဖြတ်ရိုက်ခဲ့လို့ ပရီးမီးယားလိဂ်ရဲ့ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေပါတယ်။ ဒီပွဲစဉ်ရဲ့ပွဲပြီးခါနီးမှာ နှစ်ဖက်အသင်းကစားသမားတွေနဲ့ အရန်ကစားသမားအများအပြား ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အချိန်မှာ ဂျက်ဆန်ဟာ မိုရာတိုကို ဖြတ်ရိုက်ခဲ့တာပါ။ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ...