Day: October 11, 2024

တွမ်မီနေးကို ရောင်းချခဲ့တဲ့ မန်ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်ကို ဒီကာနီယို ဝေဖန်

ပရီးမီးယားလိဂ်ဂန္ထဝင်တစ်ဦးဖြစ်တဲ့ အီတလီတိုက်စစ်မှူးဟောင်း ဒီကာနီယိုက စကော့တလန်ကွင်းလယ်လူ တွမ်မီနေးကို ရောင်းချခဲ့တဲ့ မန်ယူနိုက်တက်အသင်းရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ အကယ်ဒမီထွက် တွမ်မီနေးကို ပေါင်(၂၅)သန်းနဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက နာပိုလီအသင်းထံ ရောင်းချခဲ့တာပါ။ တွမ်မီနေးကို ရောင်းချလို့ရရှိတဲ့ ပြောင်းရွှေ့ကြေးကို မန်ယူနိုက်တက်အသင်းဟာ PSG...

အင်္ဂလန်ယူ-၂၁ ထံ ပြန်သွားဖို့ မျှော်လင့်တယ်လို့ ဂရိကို အရေးနိမ့်တဲ့ပွဲအပြီး လီကာစလေ ဆို

မနေ့က အင်္ဂလန်(၁-၂)ဂရိ UEFA Nations League ပွဲအပြီးမှာ အင်္ဂလန်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတဲ့ လီကာစလေက ဒီပြိုင်ပွဲရဲ့လက်ကျန်ပွဲတွေအပြီးမှာ အင်္ဂလန်ယူ-၂၁ အသင်းထံ ပြန်သွားဖို့ မျှော်လင့်တယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။ လီကာစလေဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က သူ့ကို...

နော်ဝေရဲ့စံချိန်တင်ဂိုးသွင်းရှင်ဖြစ်ပြီးနောက် ဖခင်ဖြစ်တော့မယ်လို့ အသိပေးပြီး ဟာလန်း အောင်ပွဲခံ

မနေ့က နော်ဝေ(၃-ဝ)ဆလိုဗေးနီးယား UEFA Nations League ပွဲစဉ်မှာ (၂)ဂိုးသွင်းပြီး နော်ဝေအသင်းရဲ့စံချိန်တင်ဂိုးသွင်းရှင်ဖြစ်လာတဲ့ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ ဖခင်ဖြစ်လာတော့မယ်လို့ အသိပေးတဲ့အောင်ပွဲခံမှုကို ပြုလုပ်ခဲ့ပါတယ်။ ဟာလန်းဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ (၂)ဂိုးကြောင့် နော်ဝေအသင်းအတွက် သွင်းယူတဲ့ဂိုးက (၃၄)ဂိုးအထိ ရှိလာခဲ့တာပါ။...

နေအိမ်ရေကူးကန်ထဲမှာ အသက်မဲ့ခန္ဓာကိုယ်နဲ့ လူ့ဘဝကို စွန့်ခွာသွားတဲ့ ဂျော့ချ်ဘဲလ်ဒေါက်

ဂရိကလပ် ပါနာသီနိုင်းကို့စ်အသင်းမှာ ကစားနေတဲ့ အင်္ဂလန်နောက်ခံလူ ဂျော့ချ်ဘဲလ်ဒေါက်(၃၁ နှစ်)ဟာ အေသင်မြို့က သူရဲ့နေအိမ်မှာရှိတဲ့ ရေကူးကန်ထဲမှာ ရေနစ်သေဆုံးနေပြီး အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လူ့လောကကို စွန့်ခွာသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့အတူ ကစားခဲ့ဖူးတဲ့ ဘဲလ်ဒေါက်ဟာ နေအိမ်မှာ တစ်ဦးတည်းရှိနေစဉ် ဒီလို...

(၁၈)နှစ်ကြာမှ အင်္ဂလန်လက်ရွေးစင်ဖြစ်ကြောင်း တရားဝင်အသိအမှတ်ပြုခံရမယ့် ကာ့တ်လန်

လီဗာပူးလ်အသင်းရဲ့ဂိုးသမားဟောင်းတစ်ဦးဖြစ်သူ ခရစ္စကာ့တ်လန်ဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားတစ်ဦးအဖြစ် နှစ်ပေါင်း(၁၈)နှစ်ကြာမှ တရားဝင်အသိအမှတ်ပြုခံရတော့မှာဖြစ်ပါတယ်။ ဒီနေ့ည ကစားမယ့် UEFA Nations League ပွဲစဉ် အင်္ဂလန်-ဂရိပွဲမှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က အသက်(၄၃)နှစ်အရွယ်ရှိ ကာ့တ်လန်ကို ဖိတ်ကြားထားပြီး အင်္ဂလန်လက်ရွေးစင်ဖြစ်ခဲ့ကြောင်း အသိအမှတ်ပြု cap ဦးထုပ်ပေးဖို့...

AI လား … တကယ်လား…

(၂၄)နဲ့(၆၁) ရဲ့ အချစ်ဇာတ်ကြမ်း ဘောလုံးကွင်းအတွင်းမှာ ကစားသမားတွေ၊ ဒိုင်လူကြီးတွေ သာမက နည်းပြတွေ၊ အသင်းပိုင်ရှင်တွေ၊ ပရိသတ်တွေပါကွင်းထဲဝင်လာပြီး ရန်ပွဲတွေ၊ သတ်ပွဲတွေနဲ့ ကြမ်းကြမ်းရမ်းရမ်းရှိတတ်တဲ့ တူရကီဘောလုံးလောကဟာ ကွင်းပြင်ပက ကြမ်းကြမ်းရမ်းရမ်း အချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ ပရိသတ်တွေကို ဆွဲဆောင်လိုက်ပြန်ပြီဖြစ်ပါတယ်။ ဒီအချစ်ဇာတ်လမ်းက...

ကွယ်လွန်သူဂျော့ချ်ဘဲလ်ဒေါက်အတွက်ရည်စူးတဲ့ ဝင်ဘာလေကွင်းက ဂရိအသင်းရဲ့နိုင်ပွဲ

ဝင်ဘလေကွင်းမှာ အင်္ဂလန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဂရိအသင်းက သူတို့အသင်းရဲ့နိုင်ပွဲဟာ နေအိမ်ရေကူးကန်ထဲမှာ ရေနစ်သေဆုံးခဲ့တဲ့ ပါနာသီနိုင်းကို့စ်နောက်ခံလူဂျော့ချ်ဘဲလ်ဒေါက်အတွက် ရည်စူးတယ်လို့ ဆိုခဲ့ပါတယ်။ ဒီပွဲမှာ အင်္ဂလန်အသင်းဂိုးပေါက်ကို ဂရိအသင်းက(၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး (၃)ဂိုးက ပယ်ချခံခဲ့ရတာကြောင့် (၂-၁)ဂိုးရလဒ်နဲ့သာ အနိုင်ရရှိခဲ့တာပါ။ ဂရိအသင်းအတွက်...