Day: October 20, 2024

၂၀.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ မန်စီးတီးအသင်းဟာ အသင်းခေါင်းဆောင် ဝေါလ်ကာကို ပေါင်(၁၅)သန်းနဲ့ လာမယ့်နွေရာသီမှာ ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။ အင်္ဂလန်နောက်ခံလူ ဝေါလ်ကာကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းက ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ■ ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ အယ်လ်အိန်းအသင်းနဲ့ ကစားမယ့် အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ လူစာရင်းထဲပါဝင်မယ်လို့...

မန်ယူနိုက်တက်ပွဲကို မကြည့်ဘဲ အသင်းဟောင်း အဘာဒင်းရဲ့ပွဲကို ဖာဂူဆန် တက်ရောက်ကြည့်ရှု

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ မန်ယူနိုက်တက်အသင်းက ဘရန်ဖိုဒ့်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို မကြည့်ဘဲ Celtic Park ကိုလာရောက်ကာ ဆဲလ်တစ်နဲ့ အဘာဒင်းအသင်းတို့(၂-၂)ဂိုးစီသရေကျခဲ့တဲ့ စကော့တလန်ပရီးမီးယားရှစ်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီပွဲရဲ့ပထမပိုင်းမှာ အဘာဒင်းအသင်းဟာ ဆဲလ်တစ်အသင်းရဲ့(၂-ဝ)ဂိုးနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့်...

နယူးကာဆယ်နဲ့ပွဲမှာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တဲ့ ဝဲလ်ဘတ် ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရ

မနေ့က နယူးကာဆယ်(ဝ-၁)ဘရိုက်တန် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းတိုက်စစ်မှူး ဝဲလ်ဘတ်ဟာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တာကြောင့် ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရပါတယ်။ ဝဲလ်ဘတ်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၇)မိနစ်မှာ နယူးကာဆယ်အသင်းနောက်ခံလူ ဖာဘီယန်ရှားနဲ့ တိုက်မိပြီးကွင်းထဲကို လဲကျသွားခဲ့တာကြောင့် ဆေးအဖွဲ့ကို ကွင်းထဲအမြန်ဆုံးဝင်ရောက်လာဖို့ ခေါ်ခဲ့ရတာပါ။ ဝဲလ်ဘတ်ဟာ...

မြေးဖြစ်သူရုတ်တရက်ကွယ်လွန်ခဲ့လို့ ဘန်စလေနဲ့ပွဲမှာ ဘလက်ပူးလ်ကို စတိဗ်ဘရုစ် ကိုင်တွယ်နိုင်ခြင်းမရှိခဲ့

ဘလက်ပူးလ်အသင်းနည်းပြ စတိဗ်ဘရုစ်ဟာ သူ့ရဲ့မြေးဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မနေ့က ကစားခဲ့တဲ့ဘလက်ပူးလ် (၁-၂) ဘန်စလေ လိဂ်ဝမ်းပွဲစဉ်ကို ကိုင်တွယ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ စတိဗ်ဘရုစ်ရဲ့မြေးဖြစ်သူ (၄)လသားအရွယ်သာရှိသေးတဲ့ မက်ဒီဆင်ဟာ ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်လို့ ဘလက်ပူးလ်အသင်းရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ မက်ဒီဆင်ဟာ စတိဗ်ဘရုစ်ရဲ့သမီးဖြစ်သူနဲ့ ဖူလ်ဟမ်၊...

ကစားသမားဘဝ ပထမဆုံးအနီကတ်နဲ့ ဆာလီဘာအတွက် ကံမကောင်းတဲ့ ရက်သတ္တပတ်

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဘုန်းမောက်(၂-ဝ)အာဆင်နယ်ပွဲမှာ တိုက်ရိုက်အနီကတ်အပြခံခဲ့ရတဲ့ အာဆင်နယ်နောက်ခံလူဆာလီဘာဟာ ကစားသမားဘဝမှာ ပထမဆုံးအနီကတ်ပြခံရခြင်းဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်နောက်ခံလူဆာလီဘာဟာ ဘုန်းမောက်တိုက်စစ်မှူးအီဗာနယ်လ်ဆင်ကို ဆွဲလှဲခဲ့တဲ့အတွက် Last Defender Rule အရ ပွဲချိန်မိနစ်(၃၀)မှာပဲ တိုက်ရိုက်အနီကတ်ပြခံရတာပါ။ ဒီပွဲရဲ့ဒိုင်လူကြီး ရောဘတ်ဂျူံးစ်က ဆာလီဘာကို...

ဟောင်းဝပ်ဝက်ဘ်က ဆာလီဘာကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်မှာ ပါဝင်ခဲ့တယ်ဆိုတဲ့အပေါ် Sky Sport ပယ်ချ

မနေ့က ဘုန်းမောက်(၂-ဝ)အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်မှာ အင်္ဂလန်ပရော်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)ရဲ့အကြီးအကဲ ဟောင်းဝပ်ဝက်ဘ်ပါဝင်ခဲ့တယ်ဆိုတဲ့ ပရိသတ်တချို့ရဲ့‌ဝေဖန် ပြောဆိုမှုတွေကို Sky Sports က ပယ်ချခဲ့ပါတယ်။ ပြင်သစ်နောက်ခံလူ ဆာလီဘာဟာ ဘုန်းမောက်တိုက်စစ်မှူး အီဗာနယ်လ်ဆန်ကို...

မန်ယူနိုက်တက်(၂-၁)ဘရန့်ဖို့ဒ်ပွဲ Highlight Video

■ Video - မနေ့က ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူနိုက်တက်(၂-၁)ဘရန့်ဖို့ဒ်ပွဲမှာ ဘရန့်ဖို့ဒ်အသင်းအတွက် နောက်ခံလူပင်နော့ခ် ခေါင်းတိုက်သွင်းတဲ့ဂိုး(၄၅+၅ မိနစ်)၊ မန်ယူနိုက်တက်အသင်းအတွက် ဂါနာချိုရဲ့ချေပဂိုး (၄၇ မိနစ်)နဲ့ ဟွိုင်လန်းရဲ့အနိုင်ဂိုး(၆၂ မိနစ်)

လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ တတိယဂိုးသွင်းအများဆုံး ဆွန်ဟောင်မင်

ဒီနေ့ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပါး(၄-၁)ဝက်စ်ဟမ်းပွဲမှာ အနိုင်ဂိုးတစ်ဂိုးကို သွင်းယူခဲ့ပြီးနောက် စပါးအသင်းခေါင်းဆောင်ဆွန်ဟောင်မင်ဟာ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ သွင်းယူတဲ့ဂိုး(၂၇)ဂိုးအထိရှိလာပါတယ်။ ဆွန်ဟောင်မင်အနေနဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဂိုးအများဆုံးသွင်းယူသူတွေထဲမှာ ဂန္ထဝင်တိုက်စစ်မှူး တက်ဒီရှရင်ဂမ်ကိုကျော်ပြီး တတိယဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အရင်က ဆွန်ဟောင်မင်ဟာ လန်ဒန်ဒါဘီ...