Day: October 10, 2024

၁၀.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်က သူဟာ အနည်းဆုံးတစ်နှစ်ကြာနည်းပြလောကထဲကို ပြန်လည်ဝင်ရောက်မှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ယူရို-၂၀၂၄ ဗိုလ်လုပွဲအပြီးမှာ အင်္ဂလန်အသင်းနည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဆောက်ဂိတ်ဟာ မန်ယူနိုက်တက်အသင်းနည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေခံနေရတာဖြစ်ပါတယ်။ ■ မန်ယူနိုက်တက်အသင်းနောက်ခံလူ မက်ဇ်ရာအူရီဟာ ရှားပါးတဲ့နှလုံးရောဂါအခြေအနေကြောင့် (၂)လကြာအနားယူရမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။...

မြန်မာ (၂-၀) သီရိလင်္ကာ(နိုင်ငံတကာ ခြေစမ်းပွဲ)

လက်ရှိဖီဖာကမ္ဘာ့အဆင့်(၁၆၇)မှာ ရပ်တည်နေတဲ့ မြန်မာအသင်းနဲ့ ဖီဖာကမ္ဘာ့အဆင့်(၂၀၀)မှာ ရပ်တည်နေတဲ့ သီရိလင်္ကာတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ အဆင့်(၃၃)ဆင့်မြင့်တဲ့ မြန်မာအသင်းက (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းနည်းပြဦးမျိုးလှိုင်ဝင်းက တောင့်တင်းတဲ့လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး နောက်တန်းမှာ နန္ဒကျော်၊ သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ ဟိန်းဖြိုးဝင်း၊ အလယ်တန်းမှာ...

ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် မိမိတို့ကို ဘိုလီးဗီးယား သူလျှို လုပ်တယ်လို့ ကိုလံဘီယာနည်းပြ လိုရန်ဇို စွပ်စွဲ

ကိုလံဘီယာအသင်းနည်းပြ လိုရန်ဇိုက Municipal Stadium El Alto မှာကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်မတိုင်ခင်မှာ ဘိုလီးဗီးယားအသင်းဟာ သူတို့အသင်းကို သူလျှိုလုပ်ခဲ့တယ်လို့စွပ်စွဲမှုပြုလုပ်ခဲ့ပါတယ်။ ကိုလံဘီယာဘောလုံးအဖွဲ့ချုပ်ဟာ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဓါတ်ပုံအထောက်အထားတွေတင်ပြကာ တရားဝင်တိုင်ကြားသွားမယ်လို့လည်း လိုရန်ဇိုက ဆိုခဲ့တာပါ။ လိုရန်ဇိုက "သူတို့ဟာ...

ရက်ဘူးလ်အကြီးအကဲဖြစ်လာပြီးနောက် ဒေါ့မွန်ပရိသတ်တွေရဲ့မုန်းတီးမှုနဲ့ ကလော့ပ်ကြုံတွေ့နေရ

လီဗာပူးလ်အသင်းနည်းပြဟောင်း ကလောပ့်ဟာ ရက်ဘူးလ်ဘောလုံးရဲ့ကမ္ဘာလုံးဆိုင်ရာအကြီးအကဲအဖြစ် တာဝန်ယူမယ့် သူ့ရဲ့အလုပ်အသစ်ကို ကြေညာပြီးနောက် အသင်းဟောင်း ဒေါ့မွန်အသင်းပရိသတ်တွေရဲ့မုန်းတီးမှုနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရာသီအကုန်က လီဗာပူးလ်အသင်းနည်းပြရာထူးကနေ ထွက်ခွာခဲ့တဲ့ ကလော့ပ်ဟာ နည်းပြလောကထဲကို ပြန်မဝင်သေးပေမယ့် နောက်ထပ်အခန်းကဏ္ဍတစ်ခုနဲ့ ဘောလုံးလောကထဲကို ပြန်ပြီးဝင်ရောက်ခဲ့တာပါ။ ကလော့ပ်ဟာ...

ဂရိနဲ့ပွဲမှာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဂျွန်စတုန်းစ် တာဝန်ယူမယ်လို့ လီကာစလေ အတည်ပြု

ဒီနေ့ကစားမယ့် အင်္ဂလန်-ဂရိ UEFA Nations League ပွဲစဉ်မှာ အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းစ်တာဝန်ယူမယ်လို့ ယာယီနည်းပြ လီကာစလေက မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်အတည်ပြုခဲ့ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ဒီပွဲရဲ့ပွဲထွက်လူစာရင်းမှာပါဝင်နိုင်မှာမဟုတ်တဲ့အတွက် ယာယီနည်းပြ လီကာစလေက ဂျွန်စတုန်းစ်ကို အသင်းခေါင်းဆောင်အဖြစ်...

မြန်မာ (၂-၀) သီရိလင်္ကာ

(နိုင်ငံတကာ ခြေစမ်းပွဲ) လက်ရှိဖီဖာကမ္ဘာ့အဆင့်(၁၆၇)မှာ ရပ်တည်နေတဲ့ မြန်မာအသင်းနဲ့ ဖီဖာကမ္ဘာ့အဆင့်(၂၀၀)မှာ ရပ်တည်နေတဲ့ သီရိလင်္ကာတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ အဆင့်(၃၃)ဆင့်မြင့်တဲ့ မြန်မာအသင်းက (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ မြန်မာအသင်းနည်းပြဦးမျိုးလှိုင်ဝင်းက တောင့်တင်းတဲ့လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး နောက်တန်းမှာ နန္ဒကျော်၊ သက်ဟိန်းစိုး၊ စိုးမိုးကျော်၊...

(၂)နှစ်နီးပါး ရောင်းချနေပေမယ့် ဝယ်သူမရှိလို့ ဈေးလျှော့ရောင်းနေတဲ့ စီရော်နယ်ဒို နေခဲ့တဲ့အိမ်

မန်ချက်စတာမြို့တောင်ဘက် အယ်လ်ဒါလေးအက်ချ်ဒေသက ချက်ရှိုင်းယားမှာရှိတဲ့ စီရော်နယ်ဒိုနေထိုင်ခဲ့တဲ့နေအိမ်ကို အိမ်ခြံမြေဈေးကွက်မှာ ပေါင်(၅)သန်းနဲ့ ဈေးခေါ်ထားပြီး ဝယ်ယူသူမရှိသေးကြောင်းသိရပါတယ်။ ဒီနေအိမ်က မန်ယူနိုက်တက်ကစားသမားဘဝက စီရော်နယ်ဒို နေထိုင်ခဲ့တဲ့ ဇိမ်ခံနေအိမ်ဖြစ်ပြီး အိပ်ခန်း(၇)ခန်း၊ ရေကူးကန်၊ တင်းနစ်ကွင်း၊ အရက်ဘားတွေပါကြောင်း သိရပါတယ်။ ဒီနေအိမ်ကို စီရော်နယ်ဒိုက...

အင်္ဂလန်အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးခဲ့တဲ့ ကိုးလ်ပါမား

ချယ်လ်ဆီးအသင်းရဲ့အင်္ဂလန်တောင်ပံကစားသမား ကိုးလ်ပါမားဟာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ချီးမြှင့်တဲ့ အင်္ဂလန်အကောင်းဆုံး(အမျိုးသား)ဘောလုံးသမားဆု(England's Player of the Year)ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ၂၀၂၃-၂၄ ခုနှစ်အတွက် ချီးမြှင့်တဲ့ဆုကို ကိုးလ်ပါမားက ဆွတ်ခူးခဲ့တာဖြစ်ပြီး နာမည်ကျော်အင်္ဂလန်အသင်းဖော်ကစားသမားတွေဖြစ်တဲ့ ဘယ်လင်ဂမ်၊ ဆာကာတို့ကို အသာရပြီး ဒီဆုကို...