Day: October 4, 2024

အိုဝင်ဘက်ကို ကိုက်ခဲ့တဲ့ အိုစမာယစ်ကို (၈)ပွဲပယ်နဲ့ ဒဏ်ကြေးငွေ FA ချမှတ်

ပြီးခဲ့တဲ့လက ပရက်စတန်(ဝ-ဝ)ဘလက်ဘန်း ချန်ပီယံရှစ်ပွဲစဉ်မှာ ဘလက်ဘန်းအသင်းနောက်ခံလူ အိုဝင်ဘက်ကို ကိုက်ခဲ့တဲ့ ပရက်စတန်အသင်းတိုက်စစ်မှူး အိုစမာယစ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က (၈)ပွဲပယ်နဲ့ ဒဏ်ကြေးငွေချမှတ်ခဲ့ပါတယ်။ အိုစမာယစ်ဟာ ဒီပွဲမှာ အိုဝင်ဘက်ကို သူကိုက်ခဲ့တဲ့ ဖြစ်ရပ်ကို ကွင်းလယ်ဒိုင်လူကြီးက မြင်တွေ့ခဲ့ခြင်းမရှိလို့ အနီကတ်ကို ရှောင်နိုင်ခဲ့ပေမယ့်...

အင်္ဂလန်လူစာရင်းမှာ ဆန်ချိုကို မရွေးချယ်ခဲ့လို့ ချယ်လ်ဆီးပရိသတ်တွေ စိတ်ပျက်

အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေဟာ အောက်တိုဘာထဲကစားမယ့် UEFA Nations League ပွဲတွေအတွက် လူစာရင်းထုတ်ပြန်ခဲ့ရာမှာ တောင်ပံကစားသမား ဆန်ချိုကို မရွေးချယ်ခဲ့တဲ့အပေါ် ချယ်လ်ဆီးအသင်းပရိသတ်တွေက စိတ်ပျက်ကြောင်း သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။ ဆန်ချိုဟာ နွေရာသီအပြောင်းအရွှေ့ကာလက မန်ယူနိုက်တက်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ချယ်လ်ဆီးအသင်းအတွက်...

မန်ယူနိုက်တက်ရဲ့ယူရိုပါလိဂ်ပွဲစဉ်ကို မကြည့်ဘဲ ရိန်းဂျားစ်ပွဲကိုသာ ဖာဂူဆန် ကြည့်ရှုအားပေး

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ မန်ယူနိုက်တက်အသင်းနဲ့ ပေါ်တိုအသင်းတို့ (၃-၃)ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို မကြည့်ဘဲ ရိန်းဂျားစ်အသင်းရဲ့ယူရိုပါလိဂ်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုဖို့ ရွေးချယ်ခဲ့ပါတယ်။ ရိန်းဂျားစ်အသင်းဟာ အိမ်ကွင်းမှာကစားခဲ့ရတဲ့ ဒီပွဲစဉ်မှာ လိုင်ယွန်အသင်းကို (၁-၄)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။ မန်ယူနိုက်တက်အသင်းရဲ့ပွဲတွေကို ပုံမှန်ကြည့်ရှုလေ့ရှိတဲ့ ဖာဂူဆန်ဟာ ကလပ်အသင်းဟောင်းရဲ့ပွဲကို...

ရပ်ရှ်ဖိုဒ့်ကို ပထမပိုင်းအပြီး လူစားလဲတာက ဗီလာနဲ့ပွဲမှာ လန်းဆန်းနေစေဖို့လို့ တန်ဟတ် ဆို

မနေ့က ပေါ်တို(၃-၃)မန်ယူနိုက်တက် ယူရိုပါလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်ကို ပထမပိုင်းအပြီးမှာ လူစားလဲခဲ့တာက ဒဏ်ရာကြောင့်မဟုတ်ဘဲ လာမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လန်းဆန်းနေစေဖို့လို့ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဆိုခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ဒီပွဲမှာ မန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သလို အသင်းဖော်တိုက်စစ်မှူး...

၃.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

■ စပါးအသင်းတိုက်စစ်မှူး ဆိုလန်ကီဟာ (၇)နှစ်အကြာမှ ပထမဆုံးအကြိမ် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အောက်တိုဘာထဲယှဉ်ပြိုင်မယ့် UEFA Nations League ပွဲတွေအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ မက်ဂွဲယားနဲ့ အီဇီတို့ချန်လှပ်ခံခဲ့ရပြီး ဝေါလ်ကာနဲ့ ဘယ်လင်ဂမ်တို့ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ ■ နာပိုလီအသင်းကို စီးရီးအေပြိုင်ပွဲမှာ...

ဖီယင်နုနဲ့ပွဲမှာ ဂိုးသွင်းပြီးနောက် (၂)နှစ်ကျော်အကြာ ဂိုးပေါက်ပျောက်ဆုံးမှုကို ဗန်ဒယ်ဘိခ် အဆုံးသတ်ခဲ့

မနေ့က ဂျီရိုနာ(၂-၃)ဖီယင်နု ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျီရိုနာအသင်းအတွက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ နယ်သာလန်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ဟာ (၂)နှစ်ကျော်အကြာမှ သူ့အတွက် ပထမဆုံးသွင်းဂိုးကို ရရှိသွားခဲ့ပါတယ်။ ဗန်ဒယ်ဘိခ်ဟာ မန်ယူနိုက်တက်အသင်းမှာ ဆိုးရွားတဲ့ကစားသမားဘဝကို ဖြတ်သန်းပြီးနောက် နွေရာသီအပြောင်းအရွှေ့ကာလက ထွက်ခွာကာ ဂျီရိုနာအသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။ ဗန်ဒယ်ဘိခ်ဟာ အိုင်းယက်စ်အသင်းမှာ...